Thursday, July 26, 2012

ဘိန်းဖြူထက် ပိုမိုဆိုးရွားသော မူးယစ်ဆေးသစ်တစ်မျိုး ဆိုက်ဘေးရီးယားတွင် ရှာဖွေတွေ့ရှိ

Ever November | 7/26/2012 02:09:00 PM | Best Blogger Tips

ကားတာယာများ ပြုပြင်ရာ၌ အသုံးပြုလေ့ရှိသည့် ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားပြီး ဘိန်းဖြူထက် ပိုမိုဆိုးရွားသော မူးယစ်ဆေးဝါး ဆေးအသစ်တစ်မျိုးကို ရုရှားနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအရာရှိများက ဆိုက်ဘေးရီးယားဒေသရှိ တွမ်မက်စ်ခ်မြို့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးကို “Zhgut” ဟု အမည်ပေးထားပြီး လူငယ်၊ လူရွယ်အများအပြားထံသို့ ၄င်းဆေးဝါးများကို တိတ်တဆိတ် ဖြန့်ဖြူးခဲ့ကြကြောင်း ၄င်းရဲတပ်ဖွဲ့မှ အကြီးအကဲ အီဂေါတိုလ်စတိုနိုဂေါ့ဗ်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ “Zhgut” မူးယစ်ဆေးဝါးကို အသုံးပြုခြင်းသည် ဘိန်းဖြူကို အသုံးပြုခြင်းထက် လူသားတို့၏ ဦးနှောက်ကို ပို၍ ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ကျွမ်းကျင်ပညာရှင်များအကြား လေ့လာဆန်းစစ်ချက်များအရ သိရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်များအား ပြောကြားခဲ့သည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1