Thursday, July 26, 2012

မြဝတီမြို့လျှပ်စစ်မီး မီတာကုန်ကျစရိတ်များ ၂ ဆတိုး

Ever November | 7/26/2012 03:40:00 PM | Best Blogger Tips

မြဝတီမြို့မှာ သုံးစွဲနေတဲ့ လျှပ်စစ်မီး မီတာခတွေ ဒီနှစ် ဧပြီလပိုင်းကစလို့ ကုန်ကျစရိတ် ၂ ဆတက်သွားတယ်လို့ ဒေသခံ လျှပ်စစ်မီးသုံးစွဲသူတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
မြဝတီမြို့မှာ မီတာခအဖြစ် တယူနစ်ကို ထိုင်းဘတ်ငွေ ၄ ဘတ် ပြား ၃၀ ပါ၊ အဲဒီနှုန်းထားဟာ မြို့ပေါ်မှာသာ ဖြစ်ပြီး မြို့ဝန်းကျင်က ရွာတွေမှာတော့ တယူနစ်ကို ၅ ဘတ်နဲ့ ပြား ၅၀ ကောက်ခံပါတယ်။ မြို့ဝတီမြို့ပတ်လည်က လျှပ်စစ်မီး ယူတဲ့ ရွာတွေကတော့ မေတ္တာလင်းမြိုင်၊ မြေနီကုန်း၊ အေးမြင့်ရွှေကုန်း၊ ရေပူစမ်း၊ မယ်ပလဲ၊ ဖားချောင်း၊ ဟွေ့ရှမ်း၊ မဲက နယ်၊ ရွာသစ်၊ သင်္ဃန်းညီနောင် စတဲ့ရွာတွေ ဖြစ်ပါတယ်။
မီးတာခနဲ့ ပတ်သက်လို့ မြဝတီမြို့ပေါ်က မြို့ခံတဦးက ယခုလို ဆက်သွယ်ပြောပြပါတယ်..
“ဒီမီးကဗျာ ထိုင်းဘက်နေ သွယ်ပြီး မြဝတီမှာပေးနေတဲ့ မီးပါ။ ဖြစ်တာက မီတာခတွေ တက်သွားတာမဟုတ်ဘူး၊ မီတာခ က ပုံမှန်ပဲ၊ အရင်တုန်းက ကျနော်တို့ အိမ်က တလကို ယူနစ်တရာ ပုံမှန်ပဲ၊ အိမ်မှာက မီးကိုသုံးတာ အရင်အတိုင်းပါပဲ ဒါပေမယ့်လို့ အရင်တုန်းက တလကို ယူနစ်တရာ ဆိုပေမယ့် အခု တလကို ယူနစ် ၂၀၀ ဖြစ်တယ်။ အဲလိုစဖြစ်တာ ဒီနှစ် လေးလပိုင်းကစတာ။ အရင် မဲဆောက်က ဝယ်ထားတဲ လျှပ်စစ်မီးကို မြဝတီက ဘယ်သူ ကန်ထရိုက်ရလဲတော့ မသိဘူး၊ အခုနောက်ဆုံ ကန်ထရိုက်ရတဲ့သူက မြဝတီ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် လို့ သိရတာပဲ။ ကျနော်တို့လည်း ဘယ်လို့ လုပ်ရမှန်းမသိတော့ပါဘူး၊ မီးတာခဈေးတက်တာဆိုရင်လဲ ပြောလို့ ရသေးတယ်။ ခုဟာက သုံးဆွဲမှုယူနစ်တွေ ၂ ဆ ဖြစ်ကုန်တာ၊ မြဝတီမှာ ညနေ ၆ နာရီဆို မီးခဏပျက်သွားတယ် အဲဒါ နေ့တိုင်းပဲ။ လူတွေက အဲလို မီးခဏဖြတ်တာဟာ မီးတာတွေပိုတက်အောင် လုပ်တာလားလို့ ထင်နေကြတယ်။”
မြဝတီမြို့မှာ လက်ရှိအသုံးပြုနေတဲ့ လျှပ်စစ်မီးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဝယ်ယူသွယ်ဆက်လို့ မြန်မာနိုင်ငံသား တွေ သုံးဆွဲခဲ့တာ ၂၀၀၀ ခုနှစ်က စတင်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1