Thursday, July 26, 2012

ထိုင်းနိုင်ငံရောက် ရခိုင်ပြည်သူများမှ ရခိုင်ဒုက္ခသည်များအတွက် (၁၆၁၇၁၀၀၀ိ/-) ကျပ်တိတိ လှူဒါန်း

Ever November | 7/26/2012 01:47:00 PM | Best Blogger Tips

ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးသွားခဲ့ကြရသော ရခိုင်ဒုက္ခသည်များအား ကူညီကယ်ဆယ်နိုင်ရန်အတွက် ရခိုင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ရန်ပုံငွေရှာဖွယ်ရေးအဖွဲ့(ထိုင်
းနိုင်ငံ)မှ မြန်မာကျပ်ငွေ ၁၆၁,၇၁၀၀၀ ကျပ်တိတိကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ရခိုင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
“ အခုဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရခိုင်လူထုအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေအားလုံး ညီညီညွှတ်ညွှတ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ RNDPကလည်း အခုလက်ရှိအခြေအနေမှာ ရခိုင်ပြည်ထဲမှာ လက်ရှိအလုပ်လုပ်နိုင်တဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်၊ နောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသပေါင်းစုံရဲ့ပြဿနာတွေ၊ အခြေအနေတွေကို သူတို့ထဲထဲဝင်ဝင်လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် RNDPကိုဘဲ ကျနော်တို့က ဒီအလှူငွေတွေကို ပေးအပ်လှူဒါန်းလိုက်ခြင်းဖြစ်ပါတယ် ” ဟု ယင်းရန်ပုံငွေအဖွဲ့မှ ကိုအံ့မောင်က ပြောသည်။
ရခိုင်ဒုက္ခသည်များကူညီကယ်ဆယ်ရေး ရန်ပုံငွေရှာဖွယ်ရေးအဖွဲ့(ထိုင်းနိုင်ငံ)မှ RNDP ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီသို့ မြန်မာကျပ်ငွေ ၅၂၉၁၀၀၀ ကျပ်တိတိကို ပထမတစ်ကြိမ်၊ မြန်မာကျပ်ငွေ ၁၀၈၈၀၀၀၀ ကျပ်တိတိကို ဒုတိယအကြိမ်အဖြစ်၎င်း ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့် ဒုက္ခရောက်ခဲ့ရသော ဒုက္ခများသာမကဘဲ ယင်းအဓိကရုဏ်း ဂယက်ရိုက်ခတ်မှုကြောင့် ဒုက္ခရောက်ရှိကြသော ကျေးရွာများတွင်လည်း စားဝတ်နေရေး ဒုက္ခများကြုံတွေ့နေရကြောင်း သိရှိရသည်။
“ အခုကျနော်တို့သိရသလောက်တော့ မြို့နဲ့အနီးတ၀ိုက်မှာတော့ နည်းနည်းအဆင်ပြေကြပါတယ်။ မီးရှို့မခံရတဲ့ရွာတွေမှာ၊ မီးရှို့မခံခဲ့ရပေမယ့် သူတို့လုပ်ကိုင်စားသောက်ဖို့အတွက်ကျတော့ တော်တော်လည်း အခက်ကြုံတွေ့နေပါတယ်။ တံငါလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရွာတွေဆိုရင် ဘင်္ဂလီတွေရဲ့ရန်ကြောင့် မြစ်ထဲ၊ ပင်လယ်ထဲ ငါးဖမ်းမထွက်ရဲကြဘူး။ တစ်ချို့တောရွာတွေဆိုရင် တောတွေ၊ တောင်တွေ မတက်ရဲဖြစ်နေကြပါတယ်။ မိုးစာလှောင်ထားတဲ့ ဆန်တွေ၊ စပါးတွေကလည်း ဒုက္ခဖြစ်ပေါ်နေတဲ့ လူတွေနဲ့ မျှဝေစားသောက်လိုက်တဲ့အခါကျတော့ အဲလိုကျေးလက်ရွာတွေမှာ တော်တော်လည်း ဒုက္ခရောက်နေကြတယ်လို့ ကျနော်တို့သိရပါတယ် ” ဟု ကိုအံ့မောင်မှ ရှင်းပြသည်။
မီးဘေးဒုက္ခသည်များ၊ အဓိကရုဏ်းဂယက်ကြောင့် ၀မ်းစာရှာဖွယ်စားသောက်ရန် အခက်ခဲရောက်နေကြသော ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရခိုင်ဒုက္ခသည်များကူညီကယ်ဆယ်ရေး ရန်ပုံငွေရှာဖွေရေးအဖွဲ့အနေဖြင့်
ထိုင်းနိုင်ငံရောက် ရခိုင်ပြည်သူများထံမှ ခြောက်လခန့် အလှူငွေများကောက်ခံပြီး ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1