Monday, July 16, 2012

“ပထမဆုံး အိမ်ထောင်ရေးဇာတ်လမ်းရိုက်နေတဲ့ ဝတ်မှုံရွှေရည်”

Ever November | 7/16/2012 06:44:00 PM | Best Blogger Tips

‘နှစ်ပင်လိမ်တဲ့ရည်းစားစာ’ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝတ်မှုံ ရွှေရည်က ဒီဇာတ်ကားကြီးကိုရိုက်တုန်းက စိတ်မပူပေမယ့် ရုပ်ရှင်ရုံထဲရောက် တဲ့အခါ မှာ တော့ စိတ်ပူလာမိပြီး စိုးရိမ်စိတ်တွေများစွာနဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရတဲ့အကြောင်း ပြောပါတယ်။ သူမ စိုးရိမ်ခဲ့ရတဲ့အကြောင်းကို  ပြောတဲ့ ဝတ်မှုံရွှေရည်က ”ဇာတ်ကားရိုက် တုန်းကစိတ်မပူဘူး။ ဘယ်အချိန်မှာစိတ်ပူလဲ ဆိုတော့ ရုံထဲရောက်တော့စိတ်ပူတယ်။ ပရိ သတ်ဘာပြောမလဲ၊ ကြိုက်ကောကြိုက်ရဲ့လား၊ ရယ်စရာလုပ် ရင်ရယ်ပါ့မလား၊ အဆင် ပြေရဲ့လား၊မျက်နှာဘယ်လိုဖြစ်နေလဲ၊ အိုက် တင်တွေဘယ်လိုဖြစ်နေလဲဆိုတဲ့ စိုးရိမ်စိတ်တွေ အများကြီးနဲ့ ပရိသတ်အသံကိုနားထောင်ရ တာပေါ့။ ပရိသတ်ရယ်ကြတဲ့အခါကျတော့ ပူပန်နေတဲ့စိတ်အလုံးကြီးကျသွားတယ်။ သီ ချင်းလေးတွေနဲ့လုပ်ထားတယ်။ အားလုံးက လည်း သူ့နေရာနဲ့သူရယ်ရတယ်” လို့ပြောပါ တယ်။ ဒီဇာတ်ကားကိုရိုက်တုန်းက အတွေ့ အကြုံနုသေးပြီး ရုပ်ရှင်ဇာတ်ကားလည်း ၂ ကား လောက်ပဲရိုက်ဖူးတဲ့အတွေ့အကြုံပဲရှိတဲ့ အတွက် မှားမှာဆိုးပြီး အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ရှိခဲ့တာဖြစ်ကြောင်းပြောပါ တယ်။ ဝတ်မှုံရွှေရည်က ပရိသတ်တွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ သူ့ရဲ့ဇာတ်ကားတွေနဲ့ပဲ ဖြစ်ဖြစ် ရင်ခုန်ချင်သလို၊ စိတ်လှုပ်ရှားချင်မိ ပြီး အဲဒီလိုစိတ်လှုပ်ရှားတဲ့အရသာကို ကြိုက် ကြောင်း ပြောပါတယ်။ ဝတ်မှုံရွှေရည်က လတ်တလောမှာ လူမင်းနဲ့ ‘ချစ်စွာတေး’ ဇာတ်ကားကိုရိုက်နေပြီး သူ့ရဲ့ ပထမဦးဆုံး အိမ်ထောင်ရေးဇာတ်လမ်းဖြစ်ကြောင်း ပြော ပါတယ်။ ဒီဇာတ်ကားမှာ လူမင်းက မိန်းမ ငယ်ငယ်လေးယူထားတာဖြစ်ပြီး ဝတ်မှုံရွှေ ရည်ကမဟုတ်မခံ၊ထိတ်ထိတ်ကျဲကောင် မလေး အဖြစ် သရုပ်ဆောင်ထားကြောင်းပြောပါ တယ်။ ဝတ်မှုံရွှေရည်က သူ့ဇာတ်ကားတွေနဲ့ ပရိသတ်အဆက်ပြတ်သွားမှာစိုးတဲ့အတွက် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ကြော်ငြာတွေ ကို ဆက်တိုက်ရိုက်ကူးနေရတာနဲ့ ကိုယ်ပိုင် အချိန်မရှိသလောက်ပဲ ဖြစ်ကြောင်းပြောပါ တယ်။ သရုပ်ဆောင်ဂျက်ကီချန်းရဲ့ ပရိသတ် တစ်ဦးပါဆိုတဲ့ ဝတ်မှုံရွှေရည်က သူကြိုက်တဲ့  အနုပညာရှင်နဲ့ဆုံရတော့ သူ့ပရိသတ်တွေရဲ့ ခံစားချက်ကို ပိုနားလည်ရကြောင်းပြောပါ တယ်။ သူ့ရဲ့ပရိသတ်တွေကို ရခိုင်ခရီးစဉ်သွား ပြီးကတည်းက ပိုချစ်ခဲ့ကြောင်းကို ဝတ်မှုံ ရွှေရည်က…”ကိုယ့်ကို အားပေးတာကိုမြင်ခဲ့ရတယ်။ မျက်ဝါးထင်ထင်မြင်ခဲ့ရတော့ ရခိုင်သွားပြီး ကတည်းက ကစ်ပရိသတ်ကို ကစ်ပိုချစ်သွား တယ်။ သူတို့စိတ်ထဲမှာရှိတဲ့ အပူတွေက ကစ် တို့အနုပညာရှင်တွေကိုတွေ့တော့ ပျောက် သွားတာပေါ့။ သူတို့က အနုပညာရှင်တွေကို ဒီလိုချစ်ပါလားဆိုပြီး ပရိသတ်ကို ပိုလေးစား သွားတယ်” လို့ပြောပါတယ်။
ခိုင်ဝေလွင်
popular myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1