Monday, July 16, 2012

သတ်မှတ်ထိုင်ခုံထက် ပိုမိုတပ်ဆင်ထားသော ဘတ်စ်ကားများအား စစ်ဆေး အရေးယူသွားမည်

Ever November | 7/16/2012 06:02:00 PM | Best Blogger Tips
ခရီးသည်တင် မော်တော်ယာဉ်လိုင်းကားများတွင် သတ်မှတ်ထားသော ထိုင်ခုံအရေအတွက်ထက် ပိုမိုတပ်ဆင်သော ဘတ်စ်ကား များအား စုံစမ်းစစ်ဆေး၍ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
 
“လိုင်းကားတွေက ပြည်ပက သွင်းလာတဲ့ကားတွေများတယ်။ ဒီမှာရှိတဲ့ ယာဉ်ကျောစနစ်နဲ့က မကိုက်တော့ တံခါးပေါက် တွေက အစ ပြန်ပြီးဖောက်ရတယ်။ ခုံတွေကိုလည်း ပြန်ပြီးတော့ တပ်ဆင်တဲ့နေရာမှာ ပိုတပ်လာကြတယ်။ တစ်ချို့လိုင်းကား တွေ ဆိုရင် လျှောက်လမ်းမှာတောင် မလွတ်ဘူး ခရီးသည်တွေ အတက်အဆင်း ဒုက္ခရောက်တယ် ဆိုတာတွေလည်း သိတယ်။ အဲဒါကြောင့်အခုလိုလုပ်တာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားရေမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  
 
ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသောမော်တော်ယာဉ်လိုင်းကားများမှာ ပြည်ပမှတင်သွင်းလာသော မော်တော်
ယာဉ်များဖြစ်၍မြန် မာနိုင်ငံ၏ ယာဉ်ကျောစနစ်ဖြင့် ကိုက်ညီမှုမရှိသောကြောင့် မော်တော်ယာဉ် အတက်အဆင်းတံခါးပေါက်များ ပြန်လည်ဖောက်ရခြင်း၊ ခရီးသည်များ ပိုမိုတင်ဆောင်နိုင်စေရန် ထိုင်ခုံများအား လဲလှယ်၍ အသစ်ပြန်လည် တပ်ဆင်ကြ ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
 
“ထိုင်ခုံတွေက သူ့နဂိုခုံတွေ မဟုတ်ဘူးလေ။ သူတို့က ခရီးသည်ပိုဆန့်အောင်ဆိုပြီး ခုံတွေကို ပိုထည့်ကြတော့ တစ်ချို့ လိုင်းကားတွေဆို ဒူးဖြဲပြီးတောင်ထိုင်ရတယ်။ ထိုင်ရတာ ဘယ်လိုမှအဆင်မပြေဘူး။ အောင်ခြေထောက်ကလဲ လွတ်နေတော့ ခရီးဝေးစီးတဲ့သူတွေဆိုရင် အရမ်းညောင်းတယ်”ဟု လိုင်းကားစီး၍ နေ့စဉ်အလုပ်ခွင်ဝင်ရောက်နေသူတစ်ဦးက ပြောသည်။
 
ခရီးသည်တင်မော်တော်ယာဉ်လိုင်းကားတစ်စီးလျှင် ခရီးသည်ယာဉ်အမျိုးအစားပေါ်မူတည်၍ ခရီးသည် ၄၀ မှ ၆၀ အတွင်း စီးနင်းနိုင်သော ထိုင်ခုံများ ထာရှိရန် သတ်မှတ်ပေးထားကြောင်း သိရသည်။ ထိုသို့တပ်ဆင်မှုမျိုးမဟုတ်ပဲ ပိုမို တပ်ဆင် ထားသော မော်တော်ယာဉ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိပါက အရေးယူမှုများပြုလုပ်သွားမည့် အပြင် အဆိုပါ ထိုင်ခုံများအား ပြန်လည်ပြောင်းလဲတပ်ဆင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
   
“သတ်မှတ်ထိုင်ခုံထက်ပိုတပ်ဆင်ထားလို့ရှိရင်တော့အဲဒီယာဉ်ကို မော်တော်ယာဉ်သက်တမ်းတိုးမပေးနိုင်တဲ့
အထိ အရေး ယူလို့ရတယ်။ အဲဒီ့ အရေးယူမှုတွေကိုတော့ က.ည.န ရုံးကလုပ်တာပါ”ဟု မ.ထ.သ(ဗဟို)မှ စည်းကမ်းထိန်းသိမ်းရေးမှူး ဗိုလ်မှူးသိန်းဝင်းက ဆိုသည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1