ဓာတ်ပုံ-AFP
ယနေ့ ဇူလိုင်လ ၁၆ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၅ နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံဘက်က အိမ်နီးချင်း ထိုင်းနယ်စပ် မယ်ဆိုင် ခရိုင်အတွင်းကို မူးယစ်ဆေးဝါး သယ်ဆောင်လာသူအဖွဲ့နဲ့ ထိုင်းလုံခြုံရေးတို့ တိုက်ပွဲဖြစ် ပွားရာ မူးယစ်အဖွဲ့က ၈ ဦးကို အသေဖမ်းဆီးမိကြောင်း ထိုင်း သတင်းတွေအဆိုအရ သိရပါတယ်။
ဓာတ်ပုံများ- Bangkok Post
အသေ ဖမ်းဆီးမိခဲ့တဲ့
မူးယစ်သယ်ဆောင်သူ ၈ ဦးရဲ့ အနီးအနားမှာ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀
ကျော်၊ မက်သာဖက်တမင်းဆေးပြား ၅ သိန်းခွဲကျော်၊ ၉ မီလီမီတာ ပစ္စတို တလက်၊
ပွိုင့် ၂၂ ပစ္စတို တလက်၊ AKA မောင်းပြန် ရိုက်ဖယ် ၃ လက်တို့ကို အတူတကွ
ဖမ်းဆီးမိကြောင်း သတင်းများ
မှာ ဖေါ်ပြထားပါတယ်။
မှာ ဖေါ်ပြထားပါတယ်။
ကျန် မူးယစ်သမားများဟာ တိုက်ပွဲဖြစ်ပွားစဉ်မှာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ဖော်ပြထားပါတယ်။ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတန်ဘိုးဟာ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။
irrawaddy blog
No comments:
Post a Comment