Monday, July 16, 2012

မသန်စွမ်းသူနှစ်ရာကျော်က အာဇာနည်ဗိမ္မာန်သို့သွားကာ လွမ်းသူပန်းခွေချမည်

Ever November | 7/16/2012 05:53:00 PM | Best Blogger Tips
လာမည့် ဇူလိုင်လ(၁၉)ရက်နေ့၌ ကျရောက်သော (၆၅)နှစ်မြောက်အာဇာနည်နေ့သို့  မသန်စွမ်းသူ(၂၀၀) ကျော်မှ  အာဇာနည်ဗိမ္မာန်သို့ သွားရောက်ကာ လွမ်းသူပန်းခွေချမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း က သိရှိရသည်။
 
“မသန်စွမ်းသူတွေအနေနဲ့လည်း အာဇာနည်ခေါင်းဆောင်တွေအကြောင်းကို သိထားသင့်တယ်။ အာဇာနည် ခေါင်းဆောင်တွေ ကိုလည်း ကြည်ညိုတယ် လေးစားတယ် အာဇာနည်ခေါင်းဆောင်တွေလို စိတ်ထားရမယ်။ အဲ့ဒါကြောင့် ဒီလို စာပေဟောပြောပွဲ လုပ်ရတာပါ” ဟု ရွှေမင်းသားဖောင်ဒေးရှင်းမှ ဦးမြတ်သူဝင်းက ပြောသည်။
 
“အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာ” စာပေဟောပြောပွဲကို ဇူလိုင်လ (၁၅)ရက်နေ့ တွင် ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
 
ဒီမိုကရေစီလိုလားသူများအနေဖြင့် ဖြစ်ပေါ်လာသောပြဿနာတိုင်းအား  နိုင်ငံတော်သမ္မတအပေါ် ခေါင်းပုံချကာ အပြစ်တင်ခြင်းမျိုး မပြုလုပ်သင့်ဘဲ အခြေအနေအရပ်ရပ်အား စဉ်းစားသုံးသပ်ခြင်းဖြင့် မိမိကြိုးစား လုပ် ဆောင်ခြင်းနှင့်ညီမျှသော ဒီမိုကရေစီကို ရရှိအောင် ကြိုးစားသင့်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ဆိုသည်။
 
“မြန်မာနိုင်ငံ နိုင်ငံရေးကဘာဖြစ်နေလဲဆိုတော့ ပြစ်မှုတစ်ခုခုဖြစ်ပွားတိုင်း ဦးသိန်းစိန်သမ္မတမကောင်းဆိုတာကို အပြစ် ပုံချလို့မရဘူး အမှန်တကယ်က အထက်လူကြီးတွေက ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီကို ပြောင်းလဲဖို့ လုပ်နေတယ် ဒါပေမဲ့ အောက်ခြေမှာ အကျင့်မကောင်းတာတွေ ၊ အပျင်းထူတာတွေ အများကြီး ရှိနေတယ်။ “ ဟု ၄င်းက သုံးသပ်ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံရှိ အကြီးအကဲများ အထက်လူကြီးများသည် ပွင့်လင်းမြင်သာမှုရှိသော ဒီမိုကရေစီစနစ်သို့ ကူးပြောင်း   နေချိန်တွင် အောက်ခြေ၀န်ထမ်းများအနေဖြင့် အကျင့်စာရိတ္တလိုအပ်ချက်နှင့် ပျင်းရိသူအများအပြားရှိနေ သေး ကြောင်းနှင့် မိမိကိုယ်တိုင်လည်း ဒီမိုကရေစီနှင့်ထိုက်တန်သောကြိုးစားမှုများအား  မည်မျှကြိုးစားပြီးဖြစ်ကြောင်းကိုလည်း ဆရာချစ်ဦးညိုသုံးသပ်ခဲ့သည်။
 
အဆိုပါ စာပေဟောပြောပွဲတွင် ဆရာချစ်ဦးညိုမှ ၁၉၄၇ခုနှစ်တွင် ကျဆုံးခဲ့သော အာဇာနည်များအကြောင်းအား ဟောပြောခဲ့ပြီး ၊ မောင်စိန်ဝင်း (ပုတီးကုန်း)က “ရင်ထဲကထာဝရကဗျာ”ခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1