Thursday, July 26, 2012

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် အင်အားပြင်း ငလျင်လှုပ်

Ever November | 7/26/2012 02:25:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ဖျားပိုင်းရှိ အာချေးပြည်နယ် စီမီလူကျွန်းတွင် ဇူလိုင် ၂၅ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားသည်။ သေဆုံးသူတစ်ဦးမှာ အဆောက်အအုံ အပျက်အစီးများအောက် ရောက်ရှိခဲ့ပြီးနောက် စီမီလူရှိ အထူးကုဆေးခန်း၌ ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်စတင်လှုပ်ချိန်တွင် အာချေးပြည်နယ်ရှိ နေရာဒေသအချို့နှင့် ကျွန်းပေါ်နေ ဒေသခံအများအပြား တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။ အဆိုပါ ငလျင်သည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၇ မိနစ်က စီမီလူကျွန်း အနောက်တောင်ဘက် ၂၄ ကီလိုမီတာနှင့် မြေအောက် ၁၀ ကီလိုမီတာ အနက် ၁ပ ဗဟိုပြုလှုပ်သွားခြင်းဖြစ်ပြီး ဆူနာမီ ဖြစ်ပေါ်ခြင်းမရှိကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1