Thursday, July 26, 2012

ဆီးရီးယားပြည်သူတို့ ဘေးကင်းရာ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးကြ

Ever November | 7/26/2012 02:34:00 PM | Best Blogger Tips

ဆီးရီးယား နိုင်ငံ တွင် အကြမ်း ဖက်တိုက်ခိုက် မှုများ ပိုမိုဖြစ်ပွား လာမှုကြောင့် ဆီးရီးယားပြည်သူများ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုမှလွတ်မြောက်ရန် နယ်စပ်ဖြတ်ကျော်ထွက်ပြေးကြကြောင်း၊ ဒမတ်စကတ်မြို့တွင်းသာမက နိုင်ငံတစ်ဝန်းလုံးတွင် ပြင်းထန်သည့်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် 
 ထောင်ပေါင်းများစွာသော ဆီးရီးယားပြည်သူများ လက်ဘနွန်နိုင်ငံသို့ထွက်ပြေးခဲ့ကြကြောင်း စကိုင်းနယူးစ် သတင်းဌာနမှ အရှေ့အလယ်ပိုင်း နိုင်ငံခြားသတင်းထောက် အမ်မာဟာ့ဒ်(Emma Hurd) က ဆိုသည်။
ဆီးရီးယားပြည်သူ အနည်း ဆုံး လူ ၃၀ဝ၀ဝ ခန့်သည် လွန် ခဲ့သည့် ရက်အနည်းငယ်ကပင် ဆီးရီးယားမြို့တော်မှ တစ်နာရီ ကြာမောင်းရသည့် အယ်လ်မက်စ် နာမြို့ရှိ ပင်မ နယ်စပ်ဖြတ်ကျော် စခန်းကို ဖြတ်ကျော်ခဲ့ကြကြောင်း ကုလသမဂ္ဂက ဆိုသည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသူများမှာ မော် တော်ယာဉ်တန်းများဖြင့် တန်းစီ ထွက်ခွာလာကြပြီး အချို့မှာ ခြေ ကျင်လျှောက်လာကြသည်။ အချို့ သော ကားများပေါ်တွင် ကလေး များ၊ သက်ကြီးရွယ်အိုများကို တင် ဆောင်လာကြသည်ဟု ဆိုသည်။ ဆီးရီးယားပြည်သူ အများစုမှာ အုပ်ချုပ်ရေးကို ဝေဖန်ပြောဆိုရန် ကြောက်ရွံ့နေပုံရကြောင်းလည်း ဖော်ပြကြသည်။
ဆီးရီးယားပြည်သူ အများစု သည် လက်ဘနွန်နိုင်ငံတွင် ဆွေ မျိုးများရှိကြပြီး အချို့မှာ အိုးအိမ် များပင် ရှိကြသည်ဟု ဆိုသည်။ အချို့က တော့ခ်ဘရွတ်မြို့ရှိ ဟို တယ်များကို ကြိုတင်စာရင်းသွင်း မှာကြားထားသည်ဟု သိရသည်။ လူအများမှာ Safe-Houses ခေါ် ကယ်ဆယ်ရေး ရိပ်သာများတွင် တည်းခိုကြမည်ဖြစ်သည်။ အဆို ပါရိပ်သာများကို အတိုက်အခံများ အား ထောက်ခံကြသည့် တက်ြွက လှုပ်ရှားမှုများက တည်ထောင် ထားသည်ဟု သိရသည်။
နယ်စပ် မှ မိုင်အနည်းငယ်အကွာတွင် ရှိ သည့် အခန်းနှစ်ခန်းပါ အသေး စား အဆောက်အအုံတစ်လုံးသည် ဒမတ်စကတ်မြို့မှ ရောက်လာကြ သည့် မိသားစုသုံးစုအတွက် ယခု အခါ အိမ်ရာဖြစ်ခဲ့ပြီဟု သတင်း တွင် ဖော်ပြကြသည်။ လက်ဘနွန် အစိုးရသည် ဒုက္ခသည်စခန်းများ ထူထောင်ရန် မပြင်ဆင်ရသေးကြောင်း၊ သို့ရာ တွင် သွားရန်နေရာမရှိသေးသူ များအတွက် ယာယီနေရာထိုင်ခင်း အဖြစ် ပြည်သူ့စာသင်ကျောင်း အချို့ကို ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
မာန်သစ်နိုး
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1