Monday, July 16, 2012

အောင်မြင်မှုဆိုတာ ထိန်းသိမ်းဖို့ ခက်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

Ever November | 7/16/2012 06:41:00 PM | Best Blogger Tips

ဝိုင်းစုခိုင်သိန်းက ဒါရိုက်တာဥက္ကာဗို ရိုက်ကူးတဲ့ “တေလေကောင်မလေး” ဆိုတဲ့ ဇာတ်ကားမှာ နေမင်းနဲ့ အတူရိုက်ကူးနေ ပါတယ်။ ဒီကားလေးမှာ ဝိုင်းစုခိုင်သိန်းက ရည်းစားနဲ့ ကွဲသွားပြီး စိတ်လေလွင့်နေတဲ့ ကောင်မလေးနေရာက သရုပ်ဆောင် ထားပါတယ်။ လက်ရှိ ရုံတင်ထားတဲ့ “ဆယ့်နှစ်ကြိုးကဝေ” ဆိုတဲ့ ဒီဗီဒီ ဇာတ်ကား မှာ အောင်မြင်မှုရရှိ နေတဲ့ ဝိုင်းစုခိုင်သိန်းက ကားရိုက်ကူးတဲ့ အချိန်မှာ အခက်အခဲတွေလည်း အနည်းငယ် ရှိခဲ့ကြောင်း ပြောပါတယ်။ “ဆယ့်နှစ်ကြိုး ကဝေ” ဒီဗီဒီကား နဲ့ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်း က “အဲဒီကားကို ပရိသတ်တွေ တော်တော် ကြိုက်ကြတယ်လို့ ဝိုင်းစုကိုပြောကြတယ်။ ကာရိုက်တာနဲ့လည်းလိုက်တယ်။ နောက် အင်္ကျီ အဝတ်အစားလည်း မိုက်တယ်လို့ပြော ကြတယ်။ အဲဒီအတွက်လည်း ဝိုင်းစုအနေနဲ့ ကျေးဇူးတင်ပါတယ်။ အဲဒီကားလေးက ဝိုင်းစု အနေနဲ့လည်း တအားကြိုက်တဲ့ ကားလေးပါ။ ဇာတ်လမ်းပုံစံလေးက သူ့ဟာနဲ့သူ ကွဲထွက်နေတာ ကိုလည်း ဝိုင်းစုကြိုက်တယ်။ အဲဒီကားမှာ  လက်ကွက်ကျင့်ပြီး ဂစ်တာတီးတဲ့ အိုက်တင်လေး လုပ်ရတာ ဝိုင်းစုအတွက် နည်းနည်း ခက်ခဲတယ်” လို့ ပြောတဲ့ ဝိုင်းစုက ကားရိုက် တွေကိုလည်း အားရင်အားသလို လက်ခံဖြစ် နေတယ်လို့လည်းပြောပါတယ်။  သရုပ်ဆောင်ဘက် အပြင် အဆိုဘက် ကို မျှလုပ်ဖြစ်နေတဲ့ဝိုင်းစုခိုင်သိန်းက ပရိသတ်တွေအနေနဲ့ သူမကို အဆိုဘက်မှာ ပိုအားပေးကြောင်းလည်းပြောပါတယ်။ သရုပ်ဆောင် မှာ အောင်မြင်မှု ရရှိနေသလို၊ အဆို ဘက်မှာလည်း အောင်မြင်မှုရရှိနေတဲ့ ဝိုင်းစုခိုင်သိန်းကို အောင်မြင်မှုကို ဘယ်လို ဆက်ပြီး ထိန်းသိမ်းသွားမလဲဆိုတာကို မေးကြည့်တော့.. “အောင်မြင် မှုဆိုတာကိုတော့ ထိန်းသိမ်း ဖို့ခက်တယ်။ ဝိုင်းစုဘက်ကတော့ အမြဲတမ်း ကြိုးစားတယ်။ ပရိသတ် တွေ လက်ခံတဲ့အထိ ပေါ့။ ဒီအောင်မြင်မှုကို ရေရှည်ထိန်းသိမ်းဖို့က အနုပညာသမားတိုင်းခက်ပါတယ်။ အောင်မြင်တဲ့အခါကျတော့လည်း အဲဒီ အောင်မြင်မှုကို ထိန်းသိမ်းဖို့ ကိုယ့်အတွက် တာဝန်ပိုကြီးသွားတယ်” လို့ပြောတဲ့ ဝိုင်းစုခိုင်သိန်း က ဘာမှပြောင်းလဲမှုတွေမရှိဘဲနဲ့ မျှတပြီးလုပ်နေပါတယ် လို့လည်း ပြောပါတယ်။ “မျက်လှည့်”ဗီစီဒီကိုလည်း မကြာမီမှာ ပရိသတ်လက်ထဲကို အရောက်ပို့တော့မယ်လို့   ပြောတဲ့ ဝိုင်းစုခိုင်သိန်းက ဗီစီဒီမှာ ထူးခြားမှု အနေနဲ့ ဗီဒီယို ဇာတ်ကားပုံစံ အခန်းဆက်လေးလည်း ၃ပုဒ် ပါဝင်ရိုက်ကူးထားကြောင်း ပြောပါတယ်။ “မျက်လှည့်” ဗီစီဒီ အခွေမှာ အရင်အခွေနဲ့မတူအောင် အိုင်ဒီယာအဆန်း လေးတွေနဲ့ ရိုက်ကူးထားကြောင်း ပြောပါတယ်။ နောက်ထပ် ၁လ၊၂လ အကြာမှာ ဗီစီဒီထွက်ရှိတော့ မှာ ဖြစ်ကြောင်း လည်း ပြောပါတယ်။
တွယ်တာ
popular myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1