Thursday, July 26, 2012

နေပြည်တော် စက်မှုဇုန် စီမံကိန်း တွင် ရင်းနှီး မြှုပ်နှံ ရန် ကုမ္ပဏီ ၅၀ စတင်လျှောက်ထား

Ever November | 7/26/2012 02:03:00 PM | Best Blogger Tips

နေပြည်တော် နှင့် တပ်ကုန်း ကြား တွင် အကောင် အထည် ဖော် မည့် အကြီးစား စက်မှုဇုန် များတွင် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံလို သဖြင့် လာလျှောက်ထားသူဦးရေ ၅၀ ရှိပြီးဖြစ်ကြောင်း စက်မှုဇုန် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းကဆိုသည်။
"နေပြည်တော်က စက်မှုဇုန် ဖြစ်မြောက်ရေးအတွက် သက်ဆိုင် ရာတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရ အဖွဲ့တွေက ပူးပေါင်းဆောင်ရွက် သွားမှာပါ။ စက်မှုဇုန်ကို မြေဧက ၅၀ဝ ပေါ်မှာ အသုံးပြုပြီး တည် ဆောက်သွားမှာပါ"ဟု ဒေါ်အေး အေးဝင်းက ဆိုသည်။ အကြီးစားစက်မှုဇုန်တို့တွင် စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံလိုသူ များမှာ ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်ပါက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီနှင့် သက်ဆိုင် ရာတိုင်းဒေသကြီးများ၏ပြည်နယ် အစိုးရအဖွဲ့တွင်တိုက်ရိုက်လျှောက် ထားနိုင်သော်လည်း နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများဖြစ်ပါက မြန်မာ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ပါမှသာ ရင်းနှီးမြှုပ်နှံခွင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
" လောလောဆယ် အနေအ ထားအရ အဲဒီဘက်တွေမှာ ရင်းနှီး မြှုပ်နှံဖို့စိတ်မဝင်စားဘူး။ ဘာလို့ လဲဆိုတော့ အဲဒီဘက်တွေက ကုန် ကြမ်းတွေ၊ လမ်းပန်းဆက်သွယ် ရေးတွေ၊ ဈေးကွက်နဲ့အရမ်းဝေး တော့ အခက်အခဲတွေရှိတယ်"ဟု ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးဘတင့်ဆွေက ပြောသည်။ မြေဧက ၅၀ဝ နှင့်မလောက် ငှပါက လိုအပ်သလောက်ဧက ၁၀ဝ၀ ခန့်အထိသုံးစွဲသွားမည်ဖြစ် ကြောင်း၊ ယခုတည်ဆောက်မည့် စက်မှုဇုန်သည် အခု ၂၀ မြောက် နေပြည်တော်ရှိ စက်မှုဇုန်များဖြစ် ကြောင်း ၄င်းကဆက်လက်ပြော သည်။
အကြီးစားစက်မှုဇုန်သည် နေပြည်တော်ကောင်စီနယ်မြေဖြစ် သည့် နေပြည်တော်နှင့် တပ်ကုန်း ကြားတွင် တည်ဆောက်မည်ဖြစ် သကဲ့သို့ ရှမ်းပြည်နယ်ရှိ မူဆယ် နှင့်ကွပ်ခိုင်မြို့အကြား နမ့်အွန်ဒေသ တွင်လည်း တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။ ရှမ်းပြည်နယ်အကြီးစား စက် မှုဇုန်ဖြစ်မြောက်ရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှမ်း ပြည်နယ်စက်မှုဇုန်အတွက်ကိုမှု မြေဧက ၂၀ဝ သုံးစွဲသွားမည်ဖြစ် ပြီး ၄င်းသည် ရှမ်းပြည်နယ်၏ ဒုတိယမြောက်စက်မှုဇုန်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှတာဝန်ရှိသူတစ်ဦး ကဆိုသည်။
နေပြည်တော်နှင့်ရှမ်း ပြည်နယ်တွင်တည်ထောင်မည့် အကြီးစား စက်မှုဇုန်များအနက်မှ နေပြည်တော်ရှိ စက်မှုဇုန်သည် အရင်ပြီးစီးနိုင်မည်ဖြစ်ပြီး ထိုသို့ အရင်ပြီးစီးရခြင်းမှာ နေပြည်တော် စက်မှုဇုန်၌ ရင်းနှီးမြှုပ်နှံလိုသူ ၅၀ ဦးရှိပြီဖြစ်သော်လည်း ရှမ်းပြည် နယ်စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံ လိုသူမှာ အလွန်နည်းပါးသေး ကြောင်း သိရသည်။ "စက်မှုဇုန်တည်ဆောက်လို့ မြန်မြန်ပြီးတယ်မပြီးဘူးဆိုတာက စက်မှုဇုန်လုပ်ငန်းရင်းနှီးမြှုပ်နှံလို သူတွေရဲ့ အကောင်အထည်ဖော်မှု နဲ့ အရေအတွက်ပေါ် မူတည်တာ လေ။ သူတို့ မြန်မြန်အကောင် အထည်ဖော်ရင် တစ်နှစ်၊ နှစ်နှစ်နဲ့ ပြီးမှာ။ သူတို့ အကောင်အထည် ဖော်တာကြာရင် နှစ်ပေါင်းများစွာ ကြားသွားနိုင်တာပေါ့"ဟု ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း ကပြောသည်။
ညိမ်းပြည့်စုံ
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1