Monday, July 16, 2012

ပစ်မှတ်လမ်းညွှန်ဂြိုဟ်တုများ တရုတ်တည်ဆောက်နေ

Ever November | 7/16/2012 05:42:00 PM | Best Blogger Tips

သင်္ဘောဖျက်ဒုံးပျံများ အသုံးပြု၍ လေယာဉ်တင်သေင်္ဘာများကို တိုက်ခိုက်ရာတွင် အထောက်အကူပေးနိုင်မည့် ဂြိုဟ်တုများအား တရုတ်နိုင်ငံက တည်ဆောက်လျက်ရှိကြောင်း ဇူလိုင် ၁၃ ရက်တွင် မီဒီယာများက ပြောကြားသည်။ အဆင့်မြင့် နည်းပညာသုံးဂြိုဟ်တုများ၊ ရေဒါဂြိုဟ်တုများ၊ အီလက်ထရွန်နစ် ထောက်လှမ်းရေးဂြိုဟ်တုများနှင့် အမေရိကန် လေယာဉ်တင်သင်္ဘောများအား ခြေရာခံ၍ ပစ်မှတ်လမ်းညွှန် လုပ်ပေးနိုင်သော ဂြိုဟ်တုများကို တရုတ်နိုင်ငံက တည်ဆောက်နေကြောင်း ရှန်ဟိုင်းအိစ်ဒေးသတင်းစာက ဇူလိုင် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ အနိမ့်ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ထားသော ဂြိုဟ်တုများကို အသုံးပြုခြင်းဖြင့် တာလတ်နှင့် တာဝေးပစ် ဒုံးပျံများ၏ ပစ်မှတ်တိကျစွာ ထိမှန်မှု စွမ်းပကားအား မြှင့်တင်ရန် တရုတ်နိုင်ငံက ရည်ရွယ်ထားသည်။ တရုတ်နိုင်ငံသည် တုန်ဖန်း ၂၁ ဒီအမည်ရှိ လေယာဉ်တင်သင်္ဘောများ ဒုံးကျည်များကို ဖြန့်ကြက်ထားပြီး ဖြစ်ကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1