Thursday, July 26, 2012

"ဝေဖန်မှုကို နားထောင်ပြီးပြုပြင်ရပါမယ် အကယ်ဒမီ မြင့်မြင့်ခိုင်"

Ever November | 7/26/2012 02:45:00 PM | Best Blogger Tips

စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် သရုပ်ဆောင် အကယ်ဒမီ မြင်မြင့်ခိုင်က 'နှစ်ပင်လိမ်တဲ့ ရည်းစားစာ' ဟာသဇာတ်ကား မှာ ရန်အောင်၊ ရဲအောင်၊ ပြေတီဦး၊ စိုးမြတ် သူဇာတို့နဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်မှုနဲ့ ပတ် သက်ပြီး မြင့်မြင့်ခိုင် ကိုမေးကြည့်တော့... ''အန်တီတို့ ဒရာမာတွေလည်းရိုက် တယ်။ ဟာသတွေလည်း ရိုက်တယ်။ဒီကားလေး ကိုတော့ အန်တီက ဖန်စီလေးလည်းဖြစ် တယ်၊ ရုပ်ရှင်ကြည့် ပရိသတ်တော်တော်များ များက လူငယ်တွေပဲ လာကြည့်တော့ လူငယ် ပရိသတ်တွေရဲ့ ရင်ထဲမှာ မြင်မယ့် ကားမျိုးလေးကို ရိုက်ချင်တယ် ဆိုပြီး ဒီကား လေးကို ရွေးချယ်ခဲ့တယ်။ ပရိသတ်ကို မက်ဆေ့(ခ်ျ)ပေးချင်တာ ကတော့ အိမ်ထောင် ရေးတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်မမှားဘဲ နဲ့ဖြေရှင်းကြမယ် ဆိုရင် ပြဿနာတွေမပေါ်ဘူး။ ငယ်ငယ် ရွယ်ရွယ် နဲ့ယောက်ျားတစ်ယောက်ကို ယူပြီး တော့ တစ်ယောက်ကို တစ်ယောက် စိတ် မချတာမျိုးတွေ မဖြစ်အောင်၊ အဲဒါမျိုးလေးတွေပေးချင် တာပါ''လို့ ပြောပြခဲ့ပါတယ်။ ထုတ်လုပ်ရေး ပိုင်ရှင် တစ်ယောက် အနေနဲ့ ဇာတ်လမ်းတွေလည်း ရှာနေပြီး တစ်ခါတလေ ကိုယ်ကြိုက်တဲ့ ဇာတ် လမ်း၊ရိုက်ချင်တဲ့ဇာတ် လမ်းကို သူများတွေ ဝယ်သွားပြီးတာမျိုး ကြုံရလေ့ ရှိတယ် လို့ မြင့်မြင့်ခိုင်က ပြော ပါတယ်။ ပရိသတ်တွေနဲ့ အတူ ကြည့်ရှုရင်း ပရိသတ် တွေရဲ့ ဝေဖန်မှု အပေါ်ကို လည်း''ပရိသတ်တွေက ကြည့်ရှုရင်း ဝေဖန်တာ တွေ ဆိုတော့ သူတို့ကတော့ လာရောက်ကြည့်ရှု တယ် ဆိုတော့ ကိုယ့်ရဲ့ ထမင်းရှင်တွေပါပဲ။ လာရောက် အားပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။ပရိသတ်ရဲ့ဝေဖန်မှုကို နားထောင်ပြီး တော့ကိုယ်လည်း လိုအပ် တာလေးတွေပြုပြင် ရပါမယ်။ ၁၆နှစ်သမီး အရွယ်ကတည်းက သရုပ်ဆောင် လုပ်လာတယ်။ အခုအနှစ်၎ဝ ကျော်လောက် လုပ်လာတဲ့ အတောအတွင်း မှာ လာရောက် ကြည့်ရှုအားပေးတဲ့ ပရိသတ် ကြီးကို ကျေးဇူးတင်တယ်။ဆက်ပြီးတော့လည်း အနုပညာ လုပ်ငန်းကို တစ်ထောင့် တစ်နေရာကနေ ပါဝင် လှုပ်ရှားနေဦးမှာ ဖြစ်တဲ့အတွက် ပရိသတ်ကြီး ကလည်း အားပေးပါ'' လို့ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်

popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1