Monday, July 16, 2012

 အရှေ့တီမော ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် နီးစပ်နေ

Ever November | 7/16/2012 05:57:00 PM | Best Blogger Tips

အရှေ့တီမော လွှတ်တော်ရွေးကောက်ပွဲအပြီး အမတ်အများစု အနိုင်ရခဲ့သော အာဏာရပါတီမှ လက်ရှိဝန်ကြီးချုပ် ဇာနာနာဂုစ်မာအိုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ပါတီငယ်နှစ်ခုကို ဖိတ်ခေါ်ထားကြောင်း ဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 
ဂုစ်မာအို၏ ဗဟိုလက်ဝဲယိမ်း National Congress for Timorese Reconstruction (CNRT) က ယခုလဆန်းပိုင်း ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀ အနိုင်ရခဲ့ပြီး အမတ်နေရာ ၆၅ နေရာရှိသော လွှတ်တော်တွင် အမတ်အများစု အရေအတွက် ဖြစ်ရန် ၃ နေရာသာ လိုခဲ့သည်။ 
CNRT က ဒီမိုကရက်တစ်ပါတီနှင့် Frente-Mudanca ပါတီတို့ကို ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြောကြားခဲ့သည်။
ယင်းနည်းလမ်းမှာ အစိုးရအဖွဲ့ တည်ငြိမ်မှုရှိရေးအတွက် မိမိတို့ရွေးချယ်ခဲ့သော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း Soares က ပြောကြားခဲ့သည်။ 
ဒီမိုကရက်တစ်ပါတီ (PD) မှာ ယခင်ညွန့်ပေါင်းအစိုးရတွင် ပါဝင်ခဲ့ဖူးပြီး ယခုလွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ ရှစ်နေရာ အနိုင်ရခဲ့သည်။ Frente-Mudanca ပါတီကမူ အမတ်နှစ်နေရာ အနိုင်ရခဲ့သည်။
ယင်းအတွက်ကြောင့် အမတ်နေရာ ၂၅ နေရာအနိုင်ရခဲ့ပြီး ဒုတိယအမတ်အများဆုံးရရှိခဲ့သော လက်ဝဲယိမ်း Fretilinပါတီသည် အတိုက်အခံအဖြစ် ငါးနှစ်ကြာရပ် တည်ရတော့မည့်အခြေအနေ ရောက်လာခဲ့သည်။
လာမည့်ရက်ပိုင်းအတွင်း နောက်ဆုံးရလဒ်ထွက်ပေါ်အပြီးညွန့်ပေါင်းဖွဲ့ရေးတရားဝင် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။  
Ref:AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1