Thursday, July 26, 2012

မက်စ်မြန်မာက စင်ကာပူနိုင်ငံတွင် အများပိုင်ကုမ္ပဏီထူထောင်မည်

Ever November | 7/26/2012 01:40:00 PM | Best Blogger Tips

ပြည်တွင်း နာမည် ကျော်စီး ပွား ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော မက်စ်မြန်မာ က စင်ကာပူနိုင်ငံ တွင် အများပိုင် ကုမ္ပဏီထူထောင်ပြီး စက်သုံးဆီလုပ်ငန်းရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။ " လောလောဆယ်တော့ ကျွန် တော်တို့ ကုမ္ပဏီတစ်ခုတည်းပဲ ရှိ ပါသေးတယ်။ နောက်ပိုင်းရောက် ရင်တော့ အများပိုင်အဖြစ် ဆောင် ရွက်သွားမှာပါ။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံတကာ မှာကျင့်သုံးတဲ့စနစ်တစ်ခုကိုကောင်း ကောင်း လုပ်နိုင်တယ်ဆိုတာပြတဲ့ သဘောပါ" ဟုမက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာများ နှင့်တွေ့ဆုံပွဲတစ်ခုတွင်ပြောသည်။
" ပြည်ပမှာ အများပိုင်ကုမ္ပဏီ တည်ထောင်တာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ရဲ့ ယုံကြည်မှုရလာပြီဆိုရင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာ တွေဝင်လာကြမှာပဲ။ အဲဒီအခါကျ ရင် နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ပြည်တွင်းက လုပ်ငန်းတွေ အတွက် ဆွဲခေါ်လာလို့ရတာပေါ့" ဟု အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
ပြည်တွင်းတွင် အာမခံလုပ် ငန်းများ လုပ်ကိုင်ဆောင်ရွက်သွား မည်ဖြစ်ပြီး ထားဝယ်ရေနက်ဆိပ် ကမ်းမှ ရင်းနှီးမြှုပ်နှံမှုများလျှော့ချ သွားမည်ဖြစ်ကြောင်း ဦးဇော်ဇော် က မီဒီယာများသို့ ပြောဆိုသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရာတွင် အီတာလျှံ ထိုင်းကုမ္ပဏီတို့က ၅၀ ရာခိုင်နှုန်း နှင့် မက်စ်မြန်မာကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားရာမှ ဆက်လက်ဆောင်ရွက်မည့် စီမံ ကိန်းခြောက်ခုအတွက် မက်စ် မြန်မာကုမ္ပဏီမှ အစုရှယ်ယာများ လျှော့ချလိုက်သည်။
နီတိုး
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1