Tuesday, July 3, 2012

ရွှေတြိဂံအထက်ပိုင်းဒေသသို့ တရုတ်က ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့်ပြုမည်

Ever November | 7/03/2012 10:56:00 PM | Best Blogger Tips
ယူနန်ပြည်နယ်တောင်ပိုင်း ဆစ်ဆောင်ပန်းနားဒေသမြေပုံ

မြန်မာနိုင်ငံ၊လာအိုနိုင်ငံတို့နှင့်ထိစပ်နေပြီးမဲခေါင်မြစ်က တောင်ဘက် ရွှေတြိဂံဒေသသို့စီးဆင်းသွားသော
နေရာ၌ ကမ္ဘာလှည့်ခရီးသည် ဖွံ့ဖြိုးရေး လုပ်ငန်းကို တရုတ်နိုင်ငံက အကြီးအကျယ် ပြုလုပ်တော့ မည် ဖြစ်သည်။ ယခုနောက်ဆုံးပြုလုပ်လိုက်သောအစီအစဉ်အရ တောတောင်ထူထပ်သောအပူပိုင်းဒေသဖြစ်သည့် ဆစ်ဆောင်ပန်းနားသို့ခရီးသွားဧည့်သည်၁၅.၅သန်းလာရောက်လည်ပတ်စေရန်လုပ်ဆောင်သွားမည်
 ဖြစ်သည်။

တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်သော ဆင်ဟွာသတင်းဌာန၏ အဆိုအရ ၂၀၁၅ ခုနှစ် တွင်  နိုင်ငံခြားသားခရီးသည်၅သိန်းအပါအဝင်ခရီးသွားဧည့်သည်အများအပြားလာ ရောက်
လည်ပတ်စေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

တောင်ဘက်တွင် မြန်မာ၊ လာအိုတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆစ်ဆောင်ပန်းနား တိုင်းရှမ်းကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း ၏ ဒုတိယအကြီးအကဲဖြစ်သော လုယုံဟော် ၏ အပြောအရ 
အစိုးရက ဆစ်ဆောင်ပန်းနားဒေသကို တရုတ်နိုင်ငံအနောက်တောင် ဒေသ၏ အဓိက အနားယူ အပန်းဖြေစခန်းတခုအဖြစ် တည်ဆောက်သွားမည်ဟု ဆိုသည်။ ထိုဒေသရှိ လမ်းများနှင့် အမြန်လမ်းမကြီးများကို ခေတ်မီအောင်အဆင့် မြှင့်ထားပြီး ဖြစ်သည်။
ဆစ်ဆောင်ပန်းနားဒေသသည် လူလုံးဝခုတ်ထွင်ခြင်း မပြုရသေးသော အပူပိုင်းသဘာဝ သစ်တောရှိသည့်နေရာဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ဒေသတွင်ရှိကာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ယင်းဒေသသည် ဇီဝမျိုးစုံလင်သည့်ဒေသဖြစ်ပြီး တရိစ္ဆာန်မျိုးစုံနှင့် အပင်မျိုးစုံ ကျက်စားပေါက်ရောက်ရာ ဒေသလည်းဖြစ်သည်။ ထိုအထဲတွင် မျိုးတုံး ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသည့် အာရှဆင်များလည်း အပါအဝင် ဖြစ် သည်။ သို့သော် ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အအုံများမှာ ဒေသတွင်း အခြားနေရာများနှင့် ယှဉ်လျှင်
ခေတ်နောက်ကျနေဆဲ ဖြစ်သည်။

၂ဝ၁၁ ခုနှစ်အတွင်း ဆစ်ဆောင်ပန်းနားဒေသသို့ ပြည်တွင်းခရီးသွားဧည့်သည် ၁၀ သန်းကျော်နှင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၂၉၀၀၀၀ လာရောက် လည်ပတ်ခဲ့ကြသည်။

နောက် ၅ နှစ်အတွင်း ခရီးသွားဧည့်သည်များ သွားရောက်ကြည့်ရှုနိုင်မည့် နေရာ ၁ဝ နေရာကို တည်ဆောက်သွားမည်ဖြစ်ပြီး ကမ္ဘာ့အသိအမှတ်ပြု နာမည်ကြီး ဟိုတယ်လုပ်ငန်း ၁ဝ ခုနှင့်လည်း ချိတ်ဆက် လုပ်ကိုင်သွားမည်ဟု အစိုးရ အရာရှိများ၏ အပြောအရ သိရသည်။

ဆစ်ဆောင်ပန်းနားတိုင်းရှမ်းကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်သည်ယူနန်ပြည်နယ် တောင်ဘက်အစပ်
တွင်ရှိသည်။ အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်တို့တွင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ၉၆၆ ကီလိုမီတာ (၆၁၉မိုင်မျှ)နယ်နိမိတ်ချင်းထိစပ် နေပြီးအရှေ့တောင်အာရှဒေသသို့ကုန်လမ်းဖြင့်ဝင်ရောက်ရာ တံခါးပေါက်လည်းဖြစ်သည်။ ယင်းဒေသသည် တိုင်းရှမ်း တိုင်းရင်းသားများ၏ဒေသဖြစ်ပြီး ရှေးခေတ်က မင်ပန်းနားရှီး ဟု လူအများသိခဲ့ကြသည်။ ယင်း၏အဓိပ္ပါယ်မှာ အခြားတိုင်းရင်းသား ၁၂ မျိုး၏ အံ့မခန်းသာယာလှပသည့် နိဗ္ဗာန်ဘုံဟု ဆိုလိုသည်။

ဟုန်တွမ်းတောင်တန်းဒေသ၏ တောင်ဘက်စွန်းတွင်ရှိပြီး ၉၅% မှာ တောင်ထူထပ်သောဒေသ ဖြစ်သည်။ ကျင်းဟုန်မြို့သည်ဆစ်ဆောင်ပန်းနား၏မြို့တော်ဖြစ်သည်။လန်ဆန်းမြစ်သည်အဆိုပါကိုယ်ပိုင်အုပ်ချုပ်ရေး
ဒေသအတွင်းဖြတ်သန်းစီးဆင်းသွားပြီးလာအိုနှင့်ထိုင်းနိုင်ငံတွင်းရောက်သောအခါမဲခေါင်မြစ်ဟု ခေါ်ကြသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1