Monday, July 16, 2012

ခုနှစ်ရက်သားသမီး ဗေဒင် (ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့ထိ)

Ever November | 7/16/2012 05:29:00 PM | Best Blogger Tips
တနင်္ဂနွေ
 
  အောင်မြင်ပျော်ရွှင်သောကာလဖြစ်မည်။ အရာရာစိတ်ချမ်းသာမှုတွေရှိမည်။စိတ်ဆိုးနေသောသူများ ပြန်၍ အဆင်ပြေမည်။ အလည်အပတ် ခရီးများထွက်ဖြစ်မည်။

အပေါင်းအသင်းများ နှင့် ဆွေမျိုးသားချင်းများအရေးတို့ ဆောင်ရွက်ဖြစ်မည်။
ထိခိုက်အနာတရအနည်းငယ်ရှိမည်။ ချစ်သောသူနှင့် လက်ထပ်ဖြစ်မည်။
စီးပွားရေးလုပ်လျှင် အဆင်ပြေမည်။ ၀င်ငွေ ကောင်းမည်။
အကျိုးပေးဂဏန်း - ၁၊၃၊၅။
အထူးဟော - ဆန္ဒတွေ အောင်မြင်မည်။
ယတြာ - တနင်္ဂနွေ နံနက်တွင် အိမ်ဘုရားကိုအောင်သပြေ (၁၉) ညွန့်လှူထားပါ။
 
တနင်္လာ
  စိတ်လေနေမည်။ မမျှော်လင့်သောအလုပ်ရမည်။ လုပ်နေသော အလုပ် ပြောင်းလဲမှု့(သို့)ပြောင်းရွှေ့မှုဖြစ်မည်။ ရုတ်တရက်ခရီးယာယီထွက်ဖြစ်မည်။ထီ ၊မဲတို့ပေါက်မည်။ ခြေ ၊ လက်တို့ အနာရမည်။ဆွေမျိုးသားချင်းအကြီးအကဲတို့အတွက် စိတ်ရှုပ်ရမည်။ အတိုက်အခံတွေကြုံမည်။ကျော်လွှားနိုင်မည်။  မြေ ၊ စက် တို့ဝင်မည်။ ထွက်မည်။ အချစ်ရေးကောင်းသည်။ မင်္ဂလာလက်ထပ်ဖြစ်မည်။
 
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - ငွေဝင်မည်။
ယတြာ -အိမ်ဘုရားကိုတနင်္လာနေ့နံနက် တွင် ကြေးလင်ပန်း နှင့် ပေါက်ပေါက်ပွင့်ကပ်ပါ။
 
အင်္ဂါ
        ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖြစ်မည်။ စိတ်ရောကိုယ်ပါ
မအားရသောအချိန်ဖြစ်သည်။အတိုက်အခံတွေကြုံသော်လည်းဂရုမစိုက်နိုင်သော ကာလဖြစ်မည်။ အချစ်ရေး ၊အိမ်ထောင်ရေးတွေရှုပ်နေမည်။ အပျို ၊ လူပျို တို့ အိမ်ထောင်ကျမည်။အိမ်ထောင်ရှိသူတို့ အငယ်ပေါ်မည်။ စီးပွားရေးလုပ်ငန်းတခုအကောင်အထည်ဖော်ဖြစ်မည်။  အလုပ်အပေါ် စိတ်ဝင်စားမှုနည်းပြီးအခြားလုပ်ငန်းတစ်ခုစဉ်းစားမှုဖြစ်ပေါ်မည်။ ခရီးဝေးယာယီ သွားရမည်။
ချစ်သူနှင့် ခေတ္တခွဲနေရမည်။ ငွေဝင် ၊ ငွေထွက်ကြမ်းမည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၉။
အထူးဟော - အပြောင်းအလဲတွေ ဖြစ်မည်။
ယတြာ - သပြေ ၁၉ ညွန့် ကိုအင်္ဂါနေ့တွင် အိမ်ဘုရားကိုကပ်လှူပါ။
 
ဗုဒ္ဓဟူး
        ဆန္ဒစောမှု့ တယူသန်မှု့ သူတစ်ပါးစကားယုံကြည်မှု့တို့ကြောင့် အမှားတွေ့ကိန်းမြင်သည်။ အလုပ်မှာစိတ်ရှုပ်ရမည်။ သို့သော်အလုပ်ပြောင်းလဲတိုးတက်မှု့ဖြစ်မည်။ ခရီးဝေးတွေ သွားရမည်။ ၀မ်းဗိုက်နှင့်ပတ်သက်၍ ဂရုစိုက်ပါ။ ဆွေမျိုးသားချင်းများအတွက် စိတ်ရှုပ်ရမည်။သင့်ရဲ့လျှို့ဝှက်ချက်တွေ ပေါ်မည်။အချစ်ရေးမှာအချစ်တွေ ပိုများလာမည်။ကတိပေးခြင်းသတိပြုပါ။ကတိအတိုင်းမဖြစ်ပါက မုန်းတတ်သည်။စီးပွားရေးလုပ်ငန်းပြောင်းလဲမည်။ ရှယ်ယာလုပ်ငန်းကွဲမည်။ငွေလိမ်၊ပစ္စည်းလိမ် ခံရမည်။
 
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၆။
အထူးဟော - ကံဇာတာအလှည့်အပြောင်းဖြစ်မည်။ သတိထားပါ။
ယတြာ - ဗုဒ္ဓဟူးနေ့ တွင် အိမ်ဘုရားကိုရေသက်စေ့ကပ်လှူပါ။ ထို့နောက် ရွက်လှ
ညွန့် ၁၀ ညွန့်ကပ်လှူပါ။
 
ကြာသပတေး
        ပြောဆိုဆက်ဆံမှု့တွေဂရုစိုက်ပါ။ အချင်းချင်း စိတ်ဝမ်းကွဲမည်။ မိတ်သစ်ဆွေသစ် ထပ်တွေ့မည်။ အဝေး မိတ်ဆွေကောင်းမည်။ အနီးမိတ်ဆွေညံ့မည်။လုပ်ငန်းပြောင်းလဲမည်။ လုပ်ငန်းသစ်အောင်မြင်မည်။ စက် ၊ ယာဉ်ကား ၀င်မည်။ထွက်မည်။ နေအိမ်တွင် အပူသည်လာမည်။ လက်မခံသင့်ပါ။ ရှယ်ယာမလုပ်သင့်ပါ။သင့်စိတ်တွေရှုပ်နေမည်။ အရာရာကို ပြီးပြတ်အောင် မရှင်းနိုင်ဖြစ်နေမည်။ ကျန်းမာရေးခေါင်းကိုက်ခေါင်းခဲ ဖြစ်နေမည်။ သူတစ်ပါးကိစ္စ တာဝန်မခံသင့်ပါ။လူယုံမထားရ။ လူပေါင်းမှားမည်။ အချစ်ရေးမှာအဆင်မပြေဖြစ်မည်။ ချစ်သူ၁ဦးရဲ့ ငြိုငြင်မှု့ဖြစ်မည်။ မောင်နှမ လိုခင်သူမှ ချစ်ရေးဆိုမည်။
အလုပ်အကိုင် ပြောင်းလဲတိုးတက်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - ကြာသပတေးနေ့ နံနက်တွင် အောင်သပြေ (၁၉) ညွန့် ကိုအိမ်ဘုရားကိုကပ်လှူပါ။
 
 
သောကြာ
        သံယောဇဉ်ကြီးတတ်သော်လည်းသံယောဇဉ်တွေများလို့ မကောင်းပါ။ ရည်းစားတို့ထဲမှ၁ယောက်၏ မကောင်းကြံခြင်း ၊ သိက္ခာချခြင်း ပြုလိမ့်မည်။ ခရီးဝေးတွေရောက်မည်။လုပ်ငန်းသစ်တွေလုပ်ရမည်။ လုပ်ငန်းဟောင်းတို့တိုးတက်မှု့ဖြစ်မည်။ သူများအရှုပ်ကိုယ့်အရှုပ်ဖြစ်မည်။ လူယုံမထားသင့်ပါ။ချစ်သူ ၁ ဦးထံမှ လက်ဆောင်ရမည်။
အိမ်တွင်းရေးအိမ်ထောင်ရေးစိတ်ရှုပ်ရမည်။
အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။
အထူးဟော - စိတ်တိုင်းမကျ မှု့တွေကြုံရမည်။
ယတြာ - အိမ်ဘုရားကိုသောကြာနေ့တွင် သစ်သီး (၉) မျိုးကပ်လှူပါ။
 
စနေ
        သင်ကံကောင်းမည်။ လန်းဆန်းသောခရီးတစ်ခုထွက်မည်။ ၁ယောက်သောမိတ်ဆွေသူငယ်ချင်းကူညီမှု့ကြောင့်အလုပ်ရမည်။ အပေါင်းအသင်းဟောင်းတို့နှင့်အဆက်အသွယ်ရမည်။ အကူအညီရမည်။ ၀င်ငွေကောင်းသောဂုဏ်သရေ မြင့်မားသော ပြည်ပအလုပ်အကိုင်တခုမုချရမည်။ သို့မဟုတ် ပြည်တွင်းအလုပ်ရမည်။အချစ်ရေးကောင်းသည်။ မင်္ဂလာစကားကမ်းလှမ်းသူပေါ်မည်။ စက် ၊ ယာဉ် ၀င်မည်။အိမ်ထောင်ရေးကောင်းမည်။ ကျန်းမာရေးကောင်းမည်။ ထီထိုးပါ။ ထီပေါက်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၇။
အထူးဟော - သင်ကံကောင်းမည်။
ယတြာ - စနေနေ့ နံနက်တွင် တန်ခိုးကြီးဘုရားကိုထီးဖွင့်ပြီးကပ်လှူပါ။
ဒေါက်တာ ထွန်းလင်း(ဘုတလင်)
မြစ်မခသတင်းမီဒီယာ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1