Monday, July 16, 2012

ဝမ်းချုပ်စေသော အမူအကျင့်များ နှင့် ဖြေရှင်း နည်းများ

Ever November | 7/16/2012 10:42:00 PM | Best Blogger Tips

ဝမ်းချုပ် တတ်တာက သင့်ကို မသက် မသာ ခံစား ရနိုင်ပါ တယ်။ ဝမ်းနုတ်ဆေး တွေ၊ ဝမ်းပျော့ ဆေးတွေ သောက်သုံး တာက ဝမ်းချုပ် တာကို ခဏသာ ဖြေရှင်းနိုင်ပါတယ်။ ဝမ်းချုပ်တာကို ရေရှည်အတွက် ဖြေရှင်းဖို့ဆိုရင်တော့ သင်ရဲ့ အလေ့အထတချို့ ကို ပြုပြင်ဖို့ လိုပါတယ်။ ပညာရှင်တွေက အစာအိမ်နဲ့ အူလမ်း ကြောင်း ကျန်းမာစေပြီး ဝမ်းချုပ်တာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း တွေကို ပြောပြထားပါတယ်။
၁။ လှုပ်ရှားမှုမရှိတာကြောင့် ဝမ်းချုပ်တာပါ
လေ့ကျင့်ခန်းမလုပ်တာ၊ လှုပ်ရှားမှုမရှိတာတွေက ခန္ဓာကိုယ် အလေးချိန်တက်စေရုံသာမက အစာချေဖျက်မှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဝမ်း သွားတဲ့အကျင့်ကို ပြောင်းလဲပြီး ဝမ်းချုပ်တာကို ဖြစ်စေတယ်လို့ Mayo Clinic မှ အစာအိမ်နဲ့ အူလမ်းကြောင်း အထူးကုသမား တော် G. Richard Locke က ပြောပါတယ်။
ဖြေရှင်းနည်း
အူလမ်းကြောင်းလှုပ်ရှားမှုအတွက် လုပ်ဆောင်ဖို့ အကောင်း ဆုံးနည်းလမ်းက အိပ်ရာထပြီးနောက် မနက်စာကို ဗိုက်ပြည့် အောင်စားပါ၊ လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ပါ။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဖို့ မလိုပါဘူး။ သင့်ခန္ဓာကိုယ်က နေ့စဉ် လှုပ်ရှားမှုရှိတာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းသွားတဲ့အကျင့်လည်း ပုံမှန်ဖြစ်စေပါတယ်။
၂။ အမျှင်ဓာတ်စားသုံးမှု နည်းတာကြောင့် ဝမ်းချုပ်တာပါ
အမျှင်ဓာတ်ကို အပင်ထွက်အစားအစာတွေကနေရရှိပြီး ခန္ဓာကိုယ်က မချေဖျက်နိုင်ပေမယ့် အစာချေဖျက်ရာမှာ အရေးပါ အရာရောက်ပါတယ်။ အမျှင်ဓာတ်တွေက အစာဟောင်းတွေ ကို စုဝေးစေပြီး ဝမ်းသွားဖို့ အားပေးပါတယ်လို့ Dr.Locke က ပြောပါတယ်။ သင်စားတဲ့အစားအသောက်ထဲမှာ အမျှင်ဓာတ် ပါဝင်မှုနည်းပါက အစာဟောင်းတွေက စုစည်းမှုမရှိဘဲ ခြောက် သွေ့ကာ မာကျောလာတာကြောင့် ဝမ်းချုပ်တာကို ဖြစ်စေပါ တယ်။
ဖြေရှင်းနည်း
သင်စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်များများ ပါဝင်အောင် စားပေးပါ။ အမျှင်ဓာတ်က ဝမ်းပျော့ပျော့ သွားစေ ပြီး ဝမ်းသွားရလည်း လွယ်ကူစေပါတယ်။ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ပဲနွယ်ပဲညွန့်၊ ပဲအမျိုးမျိုး၊ ကောက်နှံတစ်ခုလုံး စတာ တွေမှာ အမျှင်ဓာတ်တွေ များစွာပါဝင်ပါတယ်။ တစ်နေ့ကို သစ်သီး နှစ်ခွက်စာ၊ ဟင်းသီးဟင်းရွက် နှစ်ခွက်ခွဲစာ စားပေးပါ။ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ပေါင်မုန့်နဲ့ ကွေကာ၊ ပဲနွယ်ပဲ ညွန့်နဲ့ ပဲအမျိုးမျိုးတွေကို တစ်ပတ်နှစ်ကြိမ်ပါဝင်အောင် စားပေး ပါ။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပြီးတိုင်း ဗိုက်ပွတာ မျိုးဖြစ်တတ်ပါက နည်းနည်းနဲ့ မကြာခဏ စားပေးပါ။
၃။ ရေသောက်နည်းတာကြောင့် ဝမ်းချုပ်တာပါ
သင့်ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတဲ့အခါ ဝမ်းပျော့စေဖို့ ရေဓာတ်လည်း နည်းနေပါလိမ့်မယ်။ အထူးသဖြင့် ပူတဲ့ရာသီ မှာ သင်က ရေသောက်နည်းတာကြောင့်၊ ဒါမှမဟုတ် ရေဓာတ် ဆုံးရှုံးမှု များတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက် နေတတ်ပါတယ်။ ဝမ်းချုပ်တာက ရေဓာတ်လျော့နည်းနေတဲ့ လက္ခဏာတစ်ခုဆိုတာ အများစုက မသိကြဘူးလို့ ဆေးပညာ ဆရာဝန် Dr.Faten Aberra က ပြောပါတယ်။
ဖြေရှင်းနည်း
သင်သောက်တဲ့ ရေပမာဏက ခန္ဓာကိုယ်အတွက် လုံ လောက်နေပါက ရေဆာတယ်ဆိုတဲ့ ခံစားချက်မျိုး မခံစားရနိုင်ပါ ဘူး။ ဆီးသွားတဲ့အခါ ဆီးအရောင်က ရေလိုပဲ ကြည်နေရင် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေပါတယ်။ ရေဆာတဲ့အခါ ရေအစား အချိုရည်တွေ သောက်သုံးတာကိုတော့ ရှောင်ကြဉ်ပါ။ ကယ်လိုရီအပိုတွေ ရနိုင်တာကြောင့်ပါ။ ကော်ဖီနဲ့ လက်ဖက်ရည် သောက်သုံးမှုက ဆီးသွားများစေပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံး မှုကို ဖြစ်စေတာကြောင့် အလွန်အကျွံ မသောက်သင့်ပါဘူး။
၎။ အဆင်သင့်စာတွေ စားတာကြောင့် ဝမ်းချုပ်တာပါ
အဆင်သင့်စာတွေမှာ အဆီနဲ့ သကြားတွေ များစွာပါဝင်ပြီး အမျှင်ဓာတ်နဲ့ အာဟာရပါဝင်မှု နည်းပါတယ်။ ကယ်လိုရီအပို တွေ များစွာရရှိစေပြီး အမျှင်ဓာတ် ပါဝင်မှုမရှိသလောက် နည်း တာက အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို အနှောင့် အယှက်ပေးပါတယ်။ အဆီတွေက အူလမ်းကြောင်းအတွင်း အစာ တွေ ဖြတ်သန်းမှုကို နှေးကွေးစေပြီး ခန္ဓာကိုယ်က ကယ်လိုရီအပို တွေကို ရရှိတယ်လို့ Dr.Locke က ပြောပါတယ်။
ဖြေရှင်းနည်း
အာဟာရမဖြစ်စေရုံသာမကဘဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆင်သင့်စာတွေ စားသုံးမှုကို လျှော့ချပါ။ ဖြစ်နိုင်ရင် အဆီများ တဲ့အဆင်သင့်စာတွေအစား ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစား အစာတွေ အစားထိုးစားသုံးပါ။
၅။ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာကြောင့် ဝမ်းချုပ်တာပါ
ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာကြောင့်လည်း ဝမ်းချုပ်စေတယ်ဆိုတာ သင်သိပါ ရဲ့လား။ ဖြည့်စွက်အားဆေးတွေထဲမှာပါဝင်တဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တွေက ဝမ်းချုပ်တာကို ပိုမိုဖြစ်စေပါတယ်။
ဖြေရှင်းနည်း
အာဟာရညီညွတ်မျှတစွာ စားသုံးတာကြောင့် သင့်ခန္ဓာ ကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝစွာ ရရှိစေပါတယ်။ သွေးအားနည်းရောဂါရှိသူတွေနဲ့ အရိုးသန်မာဖို့ လိုအပ်သူတွေအတွက် သံဓာတ်နဲ့ ကယ်လ်စီယမ်ဆေးတွေ ဖြည့် စွက်သောက်သုံးတာကြောင့် ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ဒီလိုဆေးတွေ သောက်သုံးနေရသူတွေအနေနဲ့ အမျှင်ဓာတ် များစွာပါဝင်တဲ့ သစ်သီးဖျော်ရည်သောက်ပေးတာက ဝမ်းချုပ် တာကို ဖြေရှင်းနိုင်ပါတယ်။
၆။ ဝမ်းနုတ်ဆေးသောက်သုံးလွန်တာကြောင့် ဝမ်းချုပ်တာပါ
ဝမ်းနုတ်ဆေးတွေကို လိုအပ်တာထက် ပိုပြီးအလွန်အကျွံ သုံးစွဲတာကြောင့် ခန္ဓာကိုယ်က ဆေးယဉ်ပါးမှု ဖြစ်စေတယ်လို့ ချီကာဂိုတက္ကသိုလ်မှ Dr.Ira Hanan က ပြောပါတယ်။ ဝမ်းနုတ် ဆေးတွေကို နေ့စဉ်အသုံးပြုတာ၊ မကြာခဏ ဝမ်းချူတာတွေ ကြောင့် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးသွားစေပါတယ်။ ဝမ်းနုတ်ဆေးနဲ့ ဝမ်းချူတောင့်တွေ ကြာရှည်သုံးစွဲတာကြောင့် ဆေးယဉ်ပါးမှု ဖြစ်လာပါက ကုသရခက်ခဲတတ်ပါတယ်။
ဖြေရှင်းနည်း
အများစုက နေ့စဉ်ဝမ်းသွားမှ ပုံမှန်ဖြစ်တယ်လို့ သတ်မှတ် ကြပါတယ်။ တကယ်တော့ တစ်ပတ်ကို သုံးကြိမ်ဝမ်းသွားတာ ဒါမှမဟုတ် တစ်နေ့ကို သုံးကြိမ် ဝမ်းသွားတာကို ပုံမှန်သတ်မှတ် တယ်လို့ Dr.Locke က ပြောပါတယ်။ အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ဝမ်းသွားတဲ့အကျင့်ကို အပြောင်း အလဲ အနည်းငယ်ဖြစ်စေတာကြောင့်ပါ။
၇။ ဝမ်းမသွားဘဲ အောင့်ထားတာကြောင့် ဝမ်းချုပ်တာပါ
တချို့တွေက အများသုံးအိမ်သာတွေကို အသုံးမပြုချင်တာ၊ အစည်းအဝေးခန်းမထဲ ရောက်နေတာ၊ အလုပ်တွေများနေတာ စတာတွေကြောင့် ဝမ်းသွားချင်တာကိုမသွားဘဲ အောင့်ထားတာ ကြောင့်လည်း ဝမ်းချုပ်တာကို ဖြစ်စေတယ်လို့ ဂျွန်ဟော့ကင်း ဆေးရုံမှ Dr. Ellen Stein က ပြောပါတယ်။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်ထားတာကြာပါက ဝမ်းသွားချင်စိတ် ပျောက် သွားတတ်ပါတယ်။
ဖြေရှင်းနည်း
ဝမ်းသွားချင်တဲ့အချိန်မှာ အောင့်မထားဘဲ ဝမ်းသွားပါ။ သင့်အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ၊ သင့်ကျန်းမာရေး က အရေးကြီးတာကြောင့် အလုပ်တွေကို ခဏရပ်ပြီး ဝမ်းသွားပါ။
ဇာခြည်ဝင်း (ဆေးတက္ကသိုလ်)
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1