Thursday, July 26, 2012

"အခွင့်အလမ်းတွေ ပွင့်လာတာနဲ့အမျှ ကိုယ့်ရဲ့အနုပညာ အစွမ်းတွေ မြင့်လာနိုင်ကြောင်း ဒါရိုက်တာဝိုင်းပြော"

Ever November | 7/26/2012 02:32:00 PM | Best Blogger Tips
ဒါရိုက်တာဝိုင်း

စင်ကာပူနိုင်ငံမှာ သွားရောက်ပြသခဲ့တဲ့ 'အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်' ရုပ်ရှင်ဇာတ် ကားက ဒါရိုက်တာဝိုင်း အတွက် ပရိသတ် အားပေးမှု ကျေနပ်အားရဖွယ်ကောင်းခဲ့ပါ တယ်။ စင်ကာပူနိုင်ငံမှာပြုလုပ် မယ့် မြန်မာ ရုပ်ရှင်ပွဲတော် အတွက် လက်ခံရရှိထားတဲ့ ဇာတ်ကားတွေထဲ မှာ'လက်ပံ'ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖန်တီးသူ ဒါရိုက်တာဝိုင်းက''အာဒမ်၊ ဧဝ၊ ဒသရဲ့ ပုံစံကတစ်မျိုး၊ လက်ပံရဲ့ ပုံစံက တစ်မျိုးဖြစ်တယ်။ အာဒမ်၊ ဧဝ၊ ဒသက ရိုမန့်ဖန်စီမှာ အောင်မြင်တဲ့ ဇာတ်ကား တစ်ကားပါ။ လက်ပံက မိဘမေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကားတစ်ကားပါ။ နှစ်ကားစလုံးကို အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားထားတယ်။ အခုနေ မှာ ပရိသတ်ကို ရဲရဲဝံ့ဝံ့ ပြောရဲတယ်။ 'လက်ပံ' ဇာတ်ကားက ဒီမှာအရင်ပြ အပြီးမှာ သူများ နိုင်ငံမှာသွားပြ ရမှာလေ။ အခုဒီမှာဖြစ်နေတဲ့ ပြဿနာ က ရှေးရိုး စွဲနေတဲ့ ရုံစနစ်တွေနဲ့ ရုံမရှိ တဲ့ ပြဿနာတွေ ဖြစ်နေတယ်။ ဒီမှာက ၂ဝ၁၃ ခုနှစ်မှ ပြလို့ရမှာ ဖြစ်နေတယ်။ အခု ဟာက အာဒမ်၊ဧဝ၊ ဒသဇာတ်ကား ဆိုရင် စင်ကာပူမှပြပြီးတဲ့အပြင် မလေးရှားတို့၊ အမေရိကန် တို့ကလည်း ကမ်းလှမ်းထားတာ ရှိတယ်။ ဒီလိုမျိုး နိုင်ငံခြား ကကမ်းလှမ်း တိုင်း ကောင်းတာမျိုးတော့ မဟုတ်ဘူး။ ဒီလိုမျိုး နိုင်ငံခြား မှာသွားပြမယ် ဆိုရင်တော့ အရေး ကြီးတာကနိုင်ငံတကာကို ထိုးဖောက်နိုင် ရင်တော့ အသစ် တစ်ခုကို ရောက်သွားမယ်။ မထိုးဖောက်နိုင်တဲ့ သူကတော့ ကျန်ခဲ့ မှာပါ။ ဒီလိုမျိုး အခွင့်အလမ်းတွေပွင့်လင်းလာတာ နဲ့အမျှ ကိုယ့်ရဲ့ အနုပညာ အစွမ်းတွေလည်း မြင့်မားလာနိုင်မယ်။ဒါ့အပြင်သရုပ်ဆောင် တွေရဲ့ အရည်အသွေးတွေလည်း မြင့်လာနိုင်တယ်။စိတ်ကူးစိတ်သန်းတွေ ကအစ မူပိုင်ရှိ ရမယ်။ သူများဇာတ်လမ်းကို ခိုးချတာမျိုးမရှိ ရဘူး'' လို့ ပြောပါ တယ်။ ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံက ထွက်ရှိသမျှ ဇာတ်ကားတွေကို ဒီနေ့ထွက်တာ နဲ့အင်တာနက်ကနေ Download ပြီး ကြည့်ရှုနေတာနဲ့ ပတ်သက်ပြီး ''အမေရိကမှာဆိုရင် မြန်မာဇာတ်ကား အသစ် တွေကို တစ်ကားကို နှစ်ဒ်ါလာနဲ့ Download လုပ်လို့ရနေတယ်။ အဲဒီအတွက် ဝက်ဘ်ဆိုက် တင်တဲ့သူတွေအတွက် အကျိုး ဖြစ်ထွန်းစေတယ်။ ဒီအခွေတွေ ကို ဘယ်ကနေဘယ်လို ရပြီး အင်တာနက်ပေါ် တင်လဲ ဆိုတာအရင်ဆုံး စုံစမ်းရမယ်။ ပြီးရင် အင်တာနက်ပေါ်တင်တဲ့ သူကိုအရေးယူ ဆောင်ရွက် ရမှာလေ။ အဲဒီအတွက် ရုပ်ရှင် အစည်းအရုံးက ရေးဆွဲမယ့် မူဝါဒတွေထဲ မှထည့်သွင်း သင့်တယ်။ ဒီလိုမျိုးအချက်တွေက အစ စဉ်းစားဖို့ လိုတယ်''လို့ ပြောပါတယ်။
ထွဋ်မြတ်

popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1