Monday, July 16, 2012

ဦးမြင့်ဆွေက ဒုသမ္မတ အရည်အချင်းနဲ့ မပြည့်စုံဘူးလား

Ever November | 7/16/2012 05:38:00 PM | Best Blogger Tips
ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

လစ်လပ်နေတဲ့ ဒုသမ္မတ တနေရာအတွက် တမတ်သား အုပ်စုက ရွေးထားသူကတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ပါတယ်။

လွှတ်တော်က အတည်ပြုရင် ဦးမြင့်ဆွေ ဒုသမ္မတ ဖြစ်လာပြီလို့ ယူဆခဲ့ကြပါတယ်။

သို့သော်လည်း အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်တွေအရ ဆိုရင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ဒုသမ္မတ တယောက်မှာ ရှိရမယ့်ရဲ့ အရည်အချင်းနဲ့ မပြည့်စုံဘူး၊
ဦးမြင့်ဆွေရဲ့ သားမက် တယောက်က သြစတေးလျ နိုင်ငံသား ခံယူထားတယ် ဆိုတဲ့ သတင်းတချို့ ထွက်နေပါတယ်။

သား၊ သမီး၊ သားမက်၊ ချွေးမ တယောက်ယောက်က တခြားနိုင်ငံသား ခံယူထားရင် အဲဒီပုဂ္ဂိုလ်ကို သမ္မတ ၊ ဒုသမ္မတ အဖြစ် တင်မြှောက်ခွင့် မရှိ ဆိုပဲ။
(အခြေခံဥပဒေ ကောက်နုတ်ချက်ကို အောက်ဆုံးမှာ ကြည့်ပါ)

ဒီသတင်းသာ မှန်ကန်မယ် ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘာဆက်လုပ်မလဲ။ လတ်တလော လုပ်စရာ ၃ ခု တွေ့ပါတယ်။

၁။ နိုင်ငံခြားသားနဲ့ လွတ်ကင်းတဲ့ စစ်ဗိုလ်တယောက်ကို အဆိုပြုလိုက်ပါ။

၂။ အခြေခံဥပဒေကို ပြင်လိုက်ပါ။
(ဒါဆိုရင် ဦးမြင့်ဆွေက လက်ရှိရာထူးမှာ ဆက်ရှိနေမယ်။ သူ့နေရာ ၀င်မယ်လို့ အများက ယူဆနေတဲ့ ဒုဗိုလ်ချုပ်ကြီး ဝေလွင်အတွက်လည်း တနေရာ စီစဉ်ပေးရမှာပါ။
ဒီနည်းကို သုံးမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်မှာ သမ္မတ၊ ဒုသမ္မတ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း သုံးဖြစ်မယ် မထင်ပါ)

၃။ သမီးအဖြစ်က စွန့်လွှတ်ပါ။
(ဒီနည်းကို ဗိုလ်ခင်ညွန့် သုံးဖူးပါတယ်။ ဒါက အလွယ်ဆုံး ဖြစ်ပါလိမ့်မယ်။ သတင်းစာထဲ ကြော်ငြာအသေးလေး ထည့်လိုက်ရုံပါပဲ။ ကိုယ့် သမီး သားမက်တို့ကတော့ ပုံမှန်အတိုင်း ဆက်နေပေါ့။ ဘယ်သူ သိတာမှတ်လို့)

အခြေခံဥပဒေမှာ တွေ့ရတဲ့ သမ္မတ၊ ဒုသမ္မတတို့ရဲ့ အရည်အချင်းများ

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ် သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရ မည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော် တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

ခြွင်းချက်။ နိုင်ငံတော် ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြား သို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ် ထည့်သွင်း ရေတွက်ရမည်။

(စ) မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ (သို့မဟုတ်)
နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်)
တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊
တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

(ဆ) လွှတ်တော် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့် လည်း ပြည့်စုံရမည်။
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1