Monday, July 16, 2012

နိုင်ငံတကာ အတွေ့အကြုံရှိသောTelecommunications Tender Consultant ကုမ္ပဏီ၊ အဖွဲ့အစည်းများ အဆိုပြုလွှာများတင်သွင်းနိုင်

Ever November | 7/16/2012 06:32:00 PM | Best Blogger Tips


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ရတနာပုံတယ်လီပို့တို့နှင့် ပြည်တွင်းပြည်ပရှိဆက်သွယ်ရေးဝန်ဆောင်မှုလုပ်
ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများပူးပေါင်း၍ (Joint Venture) ဆောင်ရွက်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူရာတွင် တင်ဒါပြင်ဆင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း စသည့်လုပ်ငန်းများ ပြုလုပ်နိုင်ရန်

နိုင်ငံတကာအတွေ့အကြုံရှိသော Telecommunications Tender Consultant ကုမ္ပဏီ၊ အဖွဲ့အစည်းများအား အဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ ပြည်တွင်းပြည်ပရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်ပူးပေါင်း၍ (Joint Venture) ဆောင်ရွက်ပြီး Mobile, PSTN, IT, Internet စသည့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူ၍ စိစစ်ရွေးချယ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း ဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် တင်ဒါခေါ်ယူရန်ပြင်ဆင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်တို့တွင် Telecommunications Tender Consultant အဖြစ် ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံတကာအတွေ့အကြုံရှိသော Telecommunication Tender Consultant ကုမ္ပဏီ/အဖွဲ့အစည်းများ၏ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ အတွေ့အကြုံနှင့် အကြံဥာဏ်များကို ရယူဆောင်ရွက်သွားလိုကြောင်း၊ ထို့ကြောင့် ၎င်း Consultancy လုပ်ငန်းအားဆောင်ရွက်လိုသည့် Telecommunications Tender Consultant ကုမ္ပဏီ/အဖွဲ့အစည်းများအား အဆိုပြုလွှာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်လိုသော ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော်၊ တယ်လီဖုန်းအမှတ်-၀၀ ၉၅ ၆၇ ၄၀၇၀၅၆၊ E-mail: myanmarptiv@mpt.net.mm လိပ်စာသို့ ၁.၈.၂၀၁၂ မွန်းလွဲ (၂) နာရီမတိုင်မီ အဆိုပြုလွှာများတင်သွင်းနိုင်ကြောင်း ကြေညာထားသည်။ ထိုကဲ့သို့ နိုင်ငံတကာကုမ္ပဏီများနှင့် Joint Venture ဆောင်ရွက်ရာတွင် သတိထားရမည့်အချက်များရှိကြောင်း ပထမအကြိမ် အမျိုးသားလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့၏ မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက ထည့်သွင်းဖြေကြားခဲ့ကြောင်း သိရသည်။ သတိထားရမည့် အချက်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း၊ ကုမ္ပဏီများနှင့် ထိတွေ့ဆောင်ရွက်ရမည်ဖြစ်၍ မိမိဘက်မှ ဥပဒေအကြောင်းအရာအရလည်းကောင်း၊ ဆက်သွယ်မှုကွန်ရက်ခိုင်မာမှု အစရှိသည်တို့ အဘက်ဘက်မှ ပြည့်စုံခိုင်မာမှု ရှိထားရမည်ဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်း၊ ကုမ္ပဏီကြီးများသည် တိုင်းပြည်မှချမှတ်ထားသော ဆက်သွယ်ရေးဆိုင်ရာနည်းဥပဒေများအား နားလည်ကြေညက်အောင် ဦးစွာလုပ်ဆောင်ရမည်ဖြစ်၍ မိမိတို့ဘက်မှ ခိုင်မာစွာ ရပ်တည်ဆွေးနွေး စိစစ်ဖြေကြားခြင်း ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ တောင့်တင်းခိုင်မာသော ဥပဒေများ၊ ခိုင်ခန့်သောကွန်ရက်များ ပိုင်ဆိုင်သော အခြားတိုင်းပြည်ကြီးများပင်လျှင် များစွာသောအငြင်းပွားမှု၊ ဥပဒေအရ ရင်ဆိုင်နေရမှုများရှိကြောင်း၊ နိုင်ငံပေါင်းစုံမှ ကုမ္ပဏီပေါင်းစုံတို့မှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်၍ စိတ်ရင်းကောင်းဖြင့် ပါဝင်သူရှိသကဲ့သို့ အဖျက်သဘောဖြင့် နှောင့်နှေးကြန့်ကြာအောင် ပါဝင်မည့်သူများလည်း ရှိကြကြောင်း၊ ၎င်းအချက်များအား သင်ခန်းစာယူပြီး International Tender ခေါ်ယူရာတွင် Consultant လိုအပ်သည်ကိုတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ Consultancy Group နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပြည့်စုံစွာညှိနှိုင်းပြီးပါက အစီအစဉ်အတိုင်း International Tender ခေါ်ယူခြင်း၊ လုပ်ငန်းများလုပ်ဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1