Sunday, August 5, 2012

ထိုင်းနိုင်ငံတွင် မုဒိန်းမှု ကြူးလွန်သူအား မြန်မာ ရဲတပ်ဖွဲ့မှ ထိုင်းရဲ တပ်ဖွဲ့သို့ လွှဲပြောင်းပေး

Ever November | 8/05/2012 07:05:00 PM | Best Blogger Tips

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကို မုဒိန်း မှုကြူးလွန် ခဲ့ပြီးနောက် အာမခံ ရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေး သွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံ သား Mr Karl Joseph Kraus ကို မြန်မာ ရဲတပ်ဖွဲ့ ကဖမ်းဆီးပြီး ယနေ့ ညနေပိုင်း တွင်မြ၀တီမှ တဆင့် မဲဆောက်ဘက်ရှိ ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး လိုက်သည်။
အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်နေရစဉ်ထိုင်းနိုင်ငံမှတဆင့်ကရင်ပြည်နယ်ဘားအံမြို့၌သွားရောက်
တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ညနေပိုင်းတွင်မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။ကျန်းမာရေးကြောင့်လမ်းမ
လျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့  လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည်အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင် ပြန်လည် တွေ့ရှိခြင်းဖြစ် ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည်ကိုပြောကြားရန်သတင်းထောက်များ၏မေးခွန်းကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့် မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်။
သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင် 
Popular News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1