Sunday, August 5, 2012

"အာရှရဲ့ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် အကြောင်း ပိုမို သိဖို့ ဇာတိမြို့ပန်းတနော်သို့ သွားရောက်လေ့လာခဲ့တဲ့ ဒါရိုက်တာဝိုင်း"

Ever November | 8/05/2012 08:32:00 PM | Best Blogger Tips

ဇူလိုင် ၂၁ရက် နေ့က ပန်းတနော် မြို့ကို သွားရောက်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်နဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ ဒါရိုက်တာဝိုင်း က''ဦးသန့် Documentary အတွက် Research အဆင့် ပဲရှိသေး တယ်။ လောလောဆယ် မြန်မာနိုင်ငံ မှာနေပြီး ကျောင်းဆရာလုပ်တဲ့ ဘဝရယ် ပြီးတော့ သူပြန်ကြားရေး ဝန်ကြီးလည်း လုပ်သွားသေးတယ်။ အဲဒီ ဘဝတွေ ပြဖို့အတွက် အခက်အခဲနည်းနည်းရှိတယ်။ ဒါကြောင့် ဦးသန့်နဲ့ ရင်းနှီးတဲ့လူ တွေကို လက်လှမ်းမီသလောက် အင်တာဗျူးတွေ လုပ်နေတယ်။ ပြီးမှ Story ဘက်ကို ရိုက်ကူးဖြစ်မှာပါ။ ပြီးရင် အမေရိကရောက်တဲ့ အပိုင်း ကိုလေ့လာမယ်။ အမေရိကမှာ သူပြောတဲ့ မိန့်ခွန်းတွေက အစရှိတယ်။ အတွင်းရေးမှူး ဘဝကိုပဲလူ တော်တော်များများက သိကြတာ။ သူငယ်ငယ်တုန်းက စာဘယ်လိုဖတ်တယ်။ ကျောင်းမှာ ကလေးတွေ ကိုဘယ်လို စာသင်ပြတယ်ဆိုတာမျိုးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့လဲ ဆိုတာကို ပရိသတ်က ပိုစိတ်ဝင်စား လိမ့်မယ်ထင်တယ်။သက်ရှိထင်ရှား မရှိတာ လည်းပါတယ်။ သမိုင်းကြောင်းတွေ မရှိတော့တာလည်းပါတယ်။ဒီ Documentary ကို အင်တာဗျူးချည်းပဲ လုပ်မယ်ဆိုရင် ပရိသတ် အီသွားမှာ စိုးရိမ်တယ်။ ဦးသန့် အကြောင်းကိုလည်း ပေါ် လွင်စေချင်တယ်။ ဦးသန့်က ၁၉၇ဝ ခုနှစ်လောက် ကတည်းက သစ်ပင် စိုက်ပျိုးဖို့ကို တိုက်တွန်းခဲ့တယ်။ ဒီဂေဟ စနစ်ကို ထိန်းသိမ်းဖို့ ပြောခဲ့တယ်။ သူ့ရဲ့မိန့်ခွန်းတွေထဲမှာ ဒီနေ့ ဖြစ်ပျက်နေမှုတွေ အများကြီးပါတယ်။ ရှေ့ကို ကြိုသိနေသလိုပဲ'' လို့ပြောပါတယ်။

ထွဋ်မြတ်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1