Sunday, August 5, 2012

ခွဲစိတ် အထူးကု ဆရာဝန် ၏ ဆေးလောက အတွေ့အကြုံ ဝမ်းချူ တတ်သော အကျင့်

Ever November | 8/05/2012 09:16:00 PM | Best Blogger Tips

လူအများ စုက ဝမ်းနုတ် ဆေး စားသ လိုပဲ ဝမ်းချူ ဘူးတွေ ကို ဆောင်ပြီး ဝမ်းချုပ် တယ်ဆိုတိုင်း အလွယ်တကူအသုံးပြု တတ်ကြပါတယ်။ ဒီလိုမျိုး ဝမ်းချူဘူးတွေ ကို အမြဲသုံးတာကတော့ မကောင်းပါ ဘူး။ ဝမ်းချူဘူးကိုသုံးပြီး အူမကြီးကို သွား ဆွပေးမှ ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေ နဲ့ ဝမ်းသွားတတ်တဲ့ အကျင့်ကြီး ဖြစ်သွား တတ်ပါတယ်။ အဲဒီတော့ အမြဲတမ်း ဝမ်း သွားအောင် ဝမ်းချူနေရတာမျိုး ဖြစ် တတ်ပါတယ်။ သဘာဝအတိုင်း ဝမ်းသွား တာကပဲ အကောင်းဆုံးပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ များများစားတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ ရေများများ သောက်တာ စတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပြီး သဘာဝအတိုင်း ဝမ်းမှန် မှန်သွားအောင် ကျင့်ယူသင့်ပါတယ်။ အ လုပ်များလို့ ဝမ်းသွားဖို့ အချိန်မပေးတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အနေအ ထိုင်၊ အစားအသောက်ပုံစံက ကျန်းမာ ရေးနဲ့ ညီညွတ်နေပါလျက်နဲ့ ဝမ်းက ချူပ် နေတယ်ဆိုရင်တော့ ရောဂါတစ်ခုခုများ ရှိနေသလား ဆိုတာကို စစ်ဆေးဖို့ ဆရာ ဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဝမ်းချုပ်တာ က အခြေခံအကြောင်းရင်းကြောင့်လည်း ချုပ်တတ်သလို တစ်ခါတလေ ဘာအ ကြောင်းရင်းမှ မရှိဘဲနဲ့လည်း ချုပ်တတ် ပါတယ်။ အခြေခံ အကြောင်းရင်းတစ်ခု ခုကြောင့် ဝမ်းချုပ်နေတာလား ဆိုတာ ကို ဆရာဝန်တွေက စမ်းသပ်ရှာဖွေပေး ပါလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် အိပ် ရာထဲလဲနေရတဲ့ အခြေအနေ (ဥပမာအ ရိုးကျိုးတာ၊ လေဖြတ်တာ) တွေမှာ တစ်ခါတလေ ဝမ်းချူတာမျိုးက ကိစ္စ မရှိ ပါဘူး။ ဒါတောင်မှ နည်းစနစ်မှန်မှန်ကန် ကန်နဲ့ ညင်ညင်သာသာ သုံးပေးဖို့ လိုပါ တယ်။ ဝမ်းချူတဲ့ ဘောလုံးရဲ့ ထိပ်က နည်းနည်းကြမ်းနေရင် စအိုအဝကို မ တော်တဆ ထိခိုက်မိပြီး အနာဖြစ်တာ၊ စအိုကွဲတာတွေ ဖြစ်တတ်လို့ သေသေချာ ချာ ရှောရှောရှူရှူ သုံးရင် ဘာပြဿနာမှ မဖြစ်တတ်ပါဘူး။ ခရီးသွားတဲ့သူတွေ ကလည်း ဝမ်းချူဘူးကို ဆောင်တတ်ကြ တယ်။ တကယ်လို့ အိပ်ရာထဲလှဲနေရ တဲ့သူတွေမှာလို မဖြစ်မနေ အခြေအနေ မှ ဝမ်းချူဘူးကို သုံးမယ်ဆိုရင်တောင် အများဆုံး တစ်ပတ်မှာ နှစ်ခါထက် ပိုမ သုံးသင့်ပါဘူး။ ဝမ်းချူဖို့ သိပ်လိုအပ်တဲ့ အခြေအနေမှသာ သုံးသင့်ပါတယ်။
ပါမောက္ခဦးအေးမွန် 
ခွဲစိတ်အထူးကု ဆရာဝန်ကြီး
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1