Sunday, August 5, 2012

"ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာ အရွေးချယ်ခံရသူတို့၏ ပီတိစကားသံများ"

Ever November | 8/05/2012 08:43:00 PM | Best Blogger Tips

ဇူလိုင် ၂ဝ ရက်နေ့၊ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဝင် များနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ဗိုလ်ချုပ
် အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့် ပဏာမ ၇ဦးနှင့် ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင် မည့် ပဏာမ ၄ဦးတို့ကို လူတွေ့စစ်ဆေးခဲ့ပြီးနောက် နောက်ဆုံး အရွေးချယ် ခံရသူများ စာရင်းကို ဘုတ်အဖွဲ့က အစည်းအဝေး ထိုင်ခဲ့ပါ သည်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇူလိုင်၂၅ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီက ဗိုလ်ချုပ်အောင်ဆန်း နေရာ တွင်ကျောက်ခဲ၊ ကျော်ကျော်မျိုး တို့ကို ရွေးချယ်ခဲ့ပြီး ဒေါ်ခင်ကြည် နေရာတွင် သင်းမြတ်သန္တာလှိုင်၊ ဇာခြည်လင်း တို့ကို ရွေးချယ်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်မှာ ပါဝင်ခွင့်ရသူများ၏ ပီတိစကားကို ဖော်ပြပေးလိုက်ပါသည်။

"ကျော်ကျော်မျိုး"

”အကုန်လုံးကတော့ ဗိုလ်ချုပ်နဲ့ခပ်ဆင် ဆင်တူကြတာပဲ။ ကျွန်တော် မမှန်း ရဲပေမယ့်လည်း ဒီလိုအရွေးခံရတော့ အတိုင်းမသိဝမ်းသာပါတယ်။ အဲဒီကြား ထဲမှာမှ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အရာတွေကို တစ်ဖက်ကလည်း လေ့ လာနေတယ်။ ကျွန်တော်က သာမန် အရပ်သားပါ။ အနုပညာရှင်လည်း မဟုတ်ဘူး။ ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်လို့သာ ရိုက်ရတာပါ။ တစ်ကမ္ဘာလုံး ကလည်း စိတ်ဝင်စားစောင့်ကြည့်မှာ ဆိုတော့ ဒါက တာဝန်ကြီးတယ်၊၊ ဆရာ တွေက သင်ပေးရင် သင်ပေးသလို ရအောင် အကောင်းဆုံး သရုပ်ဆောင်သွားမှာပါ”

"ကျောက်ခဲ"

”ဗိုလ်ချုပ်ဇာတ်ရုပ် အတွက်ကို ကြိုးစားရမှာပေါ့။ တစ်ချက်မှ မှားလို့လည်း မဖြစ်ဘူးလေ။ ခုလို ခဲရာခဲဆစ် လုပ်ပြီးမှ တစ်နေရာ၊ တစ်ခန်းကဏ္ဍက လစ်ဟင်းသွားမယ် ဆိုရင် အလကားဖြစ်မှာလေ။ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ အတွက် ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံနဲ့ လူမျိုးပေါ်မှာထားတဲ့ မျိုးချစ် စိတ်ထားတွေကို နောက်လာ နောင်သားတွေ အတွက် ကျတော့ ဒီလိုမှ မလုပ်ရင် မှေးမှိန်သွားနိုင်တဲ့ အနေအထားတွေ ရှိတယ်လေ။ ကမ္ဘာမှာ ရှာမှရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ကာရိုက်တာတွေကို ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ကိုယ်ရင်းပြီးတော့ ထုတ်ပြခွင့် ရတော့မယ်။ မန္တလေးမှာနေတုန်း ကတော့ ပြည်ခိုင်ဖြိုး ပါတီနဲ့ လုပ်အားပေး လုပ်ငန်းတွေမှာဆောင်ရွက် ဖူးတယ်။ နာရေးညီမှု အသင်းလိုမျိုး ရပ်ကွက် ဆွမ်းလောင်း အသင်းတွေမှာ ပါဝင်ဆောင်ရွက်ဖြစ်တာ များတယ်။ ငယ်ငယ်လေးကတည်းက ပရဟိတ လုပ်ငန်းတွေဆို ပါဝင်ဖြစ်တယ်”

"ဇာခြည်လင်း"

”တတ်သလောက် သိသလောက်နဲ့တော့ သရုပ်ဆောင်ရဖို့ မလုံလောက် ပါဘူး။ ဆရာသမားတွေ ဆီကလည်း အကြံယူပြီး ပါဝင်လုပ်ဆောင် သွားမှာပါ။ ဗိုလ်ချုပ်နေရာမှာ တာဝန်ကြီးသလို ဒေါ်ခင်ကြည် နေရာမှာလည်း တအား အရေးကြီးပါတယ်။ နိုင်ငံတော် အတွက် ကိုယ်စားပြုပြီး လုပ်တာလေ။ ပြည်သူ ပြည်သားတွေနဲ့ နိုင်ငံတော် က လေးစားတဲ့၊ ဂုဏ်ပြုတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်ရဲ့ ပါရမီဖြည့်ဘက် နေရာမှာ ပါဝင်ရမှာ ဆိုတော့ ဆုံးရှုံးတယ် မထင်ဘူး။ သမိုင်းကောင်း တစ်ရပ် ကျန်ခဲ့ဖို့ အတွက် ပဲ မျှော်လင့်မိတာပါ”

"သင်းမြတ်သန္တာလှိုင်"

”အများက လေးစားတဲ့ပုဂ္ဂိုလ်ရဲ့ နေရာမှာ ကိုယ်ကိုယ်တိုင်လည်း အရင်ကလို နေရလို့ မရဘူး။ အများကလေး စားတဲ့ ပုဂ္ဂိုလ်က ရွေးချယ်မှာ။ ပြီးတော့ အမေစုရဲ့ အမေနေ ရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် တကယ်ရော အဆင်ပြေပါ့မလား ဆိုတဲ့ စိတ်တော့ရှိတယ် ။ ဒေါ်ခင်ကြည်နေရာ မှာ သရုပ်ဆောင်ဖို့ အတွက် အချိန်ပေးရမယ့် အပေါ် ဘယ်လို ဆုံးရှုံးမှုတွေ ရှိမလဲ ဆိုတာတော့ မသိသေးပါဘူး” ပြည်သူ အများ ချစ်ခင်နှစ်သက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်မည့် သူများကို ပရိသတ်က စိတ်ဝင်တစား ရှိကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် ကိုယ်ပွားများ အဖြစ် လက်ခံနေ ကြပါတယ်။

လက်ရှိရွေးချယ် ခံရသူများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ ဝင် ဇော်သက်ထွေးက ”တစ်တိုင်းပြည်လုံး က သိတဲ့ ချစ်ချင်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် နေရာဖြစ် တဲ့အတွက် အသေးစိတ်ကို ပရိသတ်က စောင့်ကြည့်မှာပါ။ ဒါကြောင့် သူတို့ ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာ အမှန်ပဲ။ ဒါပေမဲ့ ပြောင်းလဲသွားတဲ့ ဘဝ အခြေအနေ ဖိအားတွေကို ခံနိုင်ရည် ရှိရမယ်။ မလျော့သော ဇွဲနဲ့ ကြိုးစား မယ် ဆိုရင် ဗိုလ်ချုပ်နဲ့ ဒေါ်ခင်ကြည်နေရာကို သရုပ်ဆောင်နိုင်မှာပါ။ အရွေးချယ် မခံရ တဲ့ သူတွေကလည်း ဗိုလ်ချုပ်ဇာတ်ကားမှာ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အဆင်သင့်ရှိကြပါတယ်”လို့ပြောကြပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ ဇာတ်ညွှန်း ပိုင်းကို ဆရာချစ်ဦးညိုနဲ့ ဆရာကြည်စိုးထွန်း တို့က ရေးသားနေပြီး သြဂုတ် ၁၈ ရက်နေ့တွင် မူကြမ်း ပြီးစီးမည်လို့ သိရပါတယ်။ သရုပ်ဆောင် များကို သြဂုတ်လတွင် စတင်သင် ကြားပေးကာ၂ဝ၁၃ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင် ရိုက်ကူးမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ရာပြည့် မွေးနေ့ဖြစ်တဲ့ ၂ဝ၁၅ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။ အခု ရွေးချယ်ပြီးစီးသွားတဲ့ ဗိုလ်ချုပ် နေရာမှာ သရုပ်ဆောင်မယ့် လူငယ် သရုပ်ဆောင်သစ်တွေ နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံသား အားလုံး ချစ်ကြသလို ဗိုလ်ချုပ် ရုပ်ရှင်ကိုလည်း ပါတီတစ်ခုတည်း ကိုယ်စားပြုတာ မဟုတ်ကြောင်း သက်သေပြ လိုက်တာဖြစ်တယ်လို့ သုံးသပ် သံတွေ ကျယ် ကျယ်လောင်လောင် ကြားနေရပြီဖြစ်ပါတယ်။
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1