နေ့စဉ် ဆုတောင်း ဝတ်ပြုခြင်း က အယ်လ် ဇိုင်းမား ရောဂါ ဖြစ်ပေါ် နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် ကြောင်း အစ္စရေးနှင့် အမေရိကန်တို့၏ ပူးတွဲလေ့လာချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေးဌာန၏ လေ့လာချက်အရ နေ့စဉ် ဆုတောင်းဝတ်ပြုမှုပြုလုပ်သော အမျိုးသမီးများသည် အယ်လ်ဇိုင်းမား သို့မဟုတ် ဦးနှောက်ဆဲလ်များ ပျက်စီးယို ယွင်းခြင်းဖြစ်ပေါ်မှု ၅၀ ရာခိုင်နှုန်း လျော့ နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ လွန်ခဲ့သည့်လအတွင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ပြုလုပ်သော ညီလာခံ တစ်ရပ်တွင်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ဖော်ပြကာ ဆွေးနွေးခဲ့သည်။ ယင်း၌ နေ့ စဉ်ဆုတောင်းဝတ်ပြုခြင်းဖြင့် အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာ ကွယ်နိုင်ကြောင်း တဲလ်အဗစ်တက္ကသိုလ် မှ သုတေသနပညာရှင် ပါမောက္ခ ရစ်ဗ် ကာအင်ဇယ်ဘက်က ပြောကြားခဲ့သည်။ ゞင်းအပြင် အစ္စရေးသုတေသနအဖွဲ့သည် အာရှတိုက်၌ လေ့လာမှုများ ပြုလုပ်ခဲ့ ရာတွင် မွေးကင်းစအရွယ်ကလေးငယ် များ သေဆုံးမှုနှင့် ရောဂါရမှုသည် ဘာ သာရေး ကိုင်းရှိုင်းသော လူမှုအသိုက် အဝန်း၌ လွန်စွာလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
NYM (Xinhua, 26.7.12)
Good Health


No comments:
Post a Comment