နေပြည်တော်ဟိုတယ်ဇုန်အား တွေ့ရစဉ် |
ယခုလက်ရှိတွင် ဟိုတယ်ဇုန်များ ဖော်ထုတ်နိုင်ရန်အတွက် မြေနေရာနှင့် အဆောက်အအုံ ၂၅ ခုအား လျာထားနေဆဲဖြစ်ကြောင်း၊ လျာထားပြီးစီးပါက နိုင်ငံသားနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများကို လွတ်လပ်စွာမြှုပ်နှံခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားများ စိတ်ဝင်စားမှု အများဆုံးသော နေရာများတွင်
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိစိစစ် ရွေးချယ်ထားသော မြေနေရာများမှာ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး ဒေသများတွင် အဓိကထား
ဖော်ထုတ်သွားမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား
လာရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံခြားဧည့် ၀င်ထွက်မှုက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတာကြောင့်
ဇုန်အသစ်တွေ ဖော်ထုတ်ဖို့ စီစဉ်တာပါတယ်။ အခုဟိုတယ်ဇုန်
လုပ်မယ့်မြေနေရာတွေနဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့
ပိုင်ဆိုင်မှု အနေအထားများကို ရှင်းလင်းပြီးမှ ရင်းနှီး မြှုပ်နှံမှုတွေကို
ခွင့်ပြုပေးသွားပါမယ်” ဟု ဟိုတယ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု
ညွှန်ကြားရေးမှူးက ပြော ကြားခဲ့ပါသည်။
“တကယ်လို့ ဟိုတယ်ဇုန်တွေ ဖော်ထုတ်ပြီးရင် လာရောက်ရင်နှီး
မြှုပ်နှံမယ့်သူတွေကို One stop နဲ့ပဲ အပြတ်ပေးသွားဖို့ရှိတယ်။ နောက်ပြီး
ဟိုတယ်ဇုန်တိုးချဲ့ဖို့ လျာထားတဲ့ မြေနေရာတွေကို သတ်မှတ်ပြီးစီးဖို့
သိပ်မကြာတော့ပါဘူး။ ပြီးရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ခွင့်ပြုပေးသွား
မှာပါ”ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညွှန်ကြားရေးမှူးက ဆက်လက်ပြော
ကြားခဲ့သည်။
ယခုဟိုတယ်ဇုန် အသစ်များ ဖော်ထုတ်ပြီးစီးသွားပါက ပြည်ပနိုင်ငံများ မှ
ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက် ဆွေးနွေးညှိနှိုင်းမှုများလည်း ရှိကြောင်း
သိရှိရသည်။
ဟိုတယ်ဇုန် အသစ်များအား ဖော်ထုတ်ပြီးစီးသွားပါက လာရောက်ရင်း
နှီးမြှုပ်နှံမည့် နိုင်ငံများတွင် ဥရောပမှ နော်ဝေ၊ ဆွစ်ဇာလန်၊
ပြင်သစ်နိုင်ငံ များဖြစ်ကြောင်းနှင့် အရှေ့တောင် အာရှနိုင်ငံများမှ
ဗီယက်နမ်နိုင်ငံလည်း ပါဝင်လာပြီး စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံတို့မှ
ထပ်မံရင်းနှီး မြှုပ်နှံသွားရန်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများ၌ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဗြိတိန်၊
မလေးရှား၊ ဟောင်ကောင် နိုင်ငံများမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်
ရင်းနှီးမြှုပ်နှံထားသည်။
EMG
No comments:
Post a Comment