Monday, September 3, 2012

ဂိုးပေါက်ရှေ့တွင် အခွင့်အရေး ပိုမိုရယူနိုင်ရန် လိုအပ်သည်ဟု မန်ချီနီဖွင့်ဟ

Ever November | 9/03/2012 08:53:00 AM | Best Blogger Tips
ဂိုးပေါက်ရှေ့တွင် အခွင့်အရေး ပိုမိုရယူနိုင်ရန် လိုအပ်သည်ဟု ဖွင့်ဟခဲ့သည့် မန်ချီနီ
မန်စီးတီး အသင်း၏ နည်းပြဖြစ်သူ မန်ချီနီမှ ယင်း၏ အသင်းသည် ချန်ပီယံဆုဖလားအား ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် ဂိုးရှေ့တွင် ယခုထက်ပို၍ ကောင်းမွန်ရန် လိုအပ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
မန်စီးတီး အသင်းသည် ယမန်နေ့က ကစားခဲ့သည့် ကျူပီအာ အသင်းနှင့် ပွဲစဉ်တွင် ယာယာတိုရေး၊ ဒီဇီကို နှင့် တီဗက်ဇ်တို့၏ သွင်းဂိုးများဖြင့် ဒုတိယမြောက် အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့သည်။ မန်ချီနီမှ ယင်း၏ အသင်းသည် ဆုဖလား ဆက်လက်ထိန်းသိမ်းရန် အတွက် ပွဲစဉ်များတွင် ရရှိသည့် အခွင့်အရေးများကို ရယူနိုင်ရမည် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
“ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်တယ်လို့ ထင်ပါတယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ ပြဿနာ တစ်ခုရှိနေပါတယ် ဘာလည်းဆိုတော့ ဂိုးသွင်းဖို့ အချိန်ရောက်လာရင် ဂိုးမသွင်းနိုင်တာပါပဲ၊ ကျွန်တော်တို့ရဲ့ ပထမဆုံး ပွဲစဉ်မှာကော လီဗာပူးလ်နဲ့ ပွဲစဉ်မှာပါ ဒီပြဿနာရှိနေခဲ့ပါတယ်”ဟု မန်ချီနီမှ ESPNသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။
မန်စီးတီး အသင်းသည် လက်ရှိအချိန်တွင် သုံးပွဲ ကစားထားပြီး (၇)မှတ်ဖြင့် အမှတ်ပေး ဇယား စတုတ္တနေရာတွင် ရပ်တည်နေသည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1