Monday, September 3, 2012

ပိုလန်နိုင်ငံမှာ သင်တန်း တက်ရောက်မယ့် အနဂ္ဂနဲ့ သံသာဝင်း

Ever November | 9/03/2012 08:41:00 AM | Best Blogger Tips

အနဂ္ဂ နဲ့ သံသာဝင်းတို့က ပိုလန်နိုင်ငံကို သင်တန်း တက်ရောက်ဖို့ သြဂုတ် ၃၁ ရက်နေ့ စတင်ထွက်ခွာမှာဖြစ်ပါတယ်။ ပိုလန်က သင်တန်းဆရာတွေ မြန်မာနိုင်ငံကို လာ ရောက်သင်ကြားတဲ့ အခါတုန်းက အနဂ္ဂနဲ့
သံသာဝင်း တို့က တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကပေးတဲ့ Certificate လည်း ရရှိ ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သင်တန်းဆရာတွေက ပိုလန်မှာ Work Shop လုပ်ကြမှာဖြစ်တဲ့ အတွက် သူတို့က ဖိတ်ခေါ် ခြင်းဖြစ်ကြောင်း သံသာဝင်းကပြောပါတယ်။
''ပိုလန်ကလူတွေ ရန်ကုန်လာတုန်းက အန်တီဒေါ်အောင်ဆန်းစုကြည် တို့ဘက်ကနေ သင်တန်း တက်ဖို့ပြောတယ်။ ကျွန်မတို့ ၅ ရက် သင်တန်း တက်ခဲ့တယ်။ သူတို့တွေကပဲ ပိုလန် မှာ Work Shop လုပ်မယ်ဆိုတော့ ကျွန်မတို့ နှစ်ယောက်ကို သွားနိုင်မလား ဆိုပြီး အန်တီစု က မေးထားတာ ကြာပြီ။ အဲဒါနဲ့ သွားဖြစ်သွား တာပါ။ အဲဒီတုန်းကတော့ ဒီမိုကရေစီ နဲ့ မီဒီယာ လမ်းကြောင်း၊ နောက် ပိုလန်နိုင်ငံပြုပြင် ပြောင်းလဲရေး ကာလမှာ ပိုလန်နိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းအပေါ် ဘယ်လို ရောက်လာသလဲ ဆိုတာကိုသင်တယ်။နောက် Documentary အကြောင်းလည်း သင်တယ်။ ပိုလန်မှာတော့ SENSE (Strategic Economic Needs and Security Exercise Programme) ကိုသင်ရမယ်။ အန်တီစုကလည်း ရသရွေ့ ပညာ အကုန်ယူခဲ့ လို့ပြောထားတယ်။ သင်တန်း ကတော့ ကျွန်မသိသလောက် ၆ရက်ပဲ။ အဲဒီ တော့ ၁ဝရက်လောက်ပါပဲ။ကျွန်မတို့က အပြန်ကျရင်လည်း ဘန်ကောက်ကိုဝင်ပြီး တော့ Medical Check Up လုပ်ချင်သေး တယ်။ ဒါပေမဲ့ သူများ အနှောင့်အယှက်ဖြစ် မှာလည်းစိုးတယ်'' လို့သင်တန်း ကိစ္စနဲ့ ပတ်သက်ပြီး သံသာဝင်း ကရှင်းပြပါတယ်။ ကိုမင်းကို နိုင်တို့ရဲ့ စေတနာ ဝသန် ဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေဖို့ အရင်ကတည်းက ကိုမင်းကိုနိုင် တို့နဲ့ စကားပြောထားပြီး ပွဲမှာ ဖျော် ဖြေဖို့ အတွက်လည်း နှစ်ယောက်စလုံး စိတ်အားထက်သန်နေကြပေမယ့် အမှတ် မထင်ဘဲ ခရီးစဉ်က သြဂုတ်၃၁ ရက်နေ့ စထွက်မှာ ဖြစ်တဲ့ အတွက် ပွဲမှာ မဆိုဖြစ်တော့ခြင်း ဖြစ်ကြောင်း စေတ နာ ဝသန် ဂီတဖျော်ဖြေပွဲမှာ ဘာကြောင့် မပါဝင် တာလဲ ဆိုတဲ့ ပရိသတ်တွေ ရဲ့အမေးကို သံသာဝင်း ကရှင်းပြခဲ့ပါတယ်။
လင်းအက္ခရာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1