Monday, September 3, 2012

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိ

Ever November | 9/03/2012 03:51:00 PM | Best Blogger Tips

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စက်တင်ဘာ ၁ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ အခင်းဖြစ်ပွားမှုသည် ဒါဗာအိုမြို့တော် ပါကွီဘာတိုခရိုင် ဖာတီမာရွာ၌ ဆက်ကပ်ပွဲတော်များ ကျင်းပချိန် ဒေသစံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဗုံးဖောက်ခွဲသူဟု ယူဆရသူများအား စုံစမ်းစစ်ဆေးခဲ့ကြကြောင်းနှင့် ဒဏ်ရာရရှိသူ ၁၅ ဦးကိုလည်း ပနာဘိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုမြို့တော်ရှိ ပါကွီဘာတိုဒေသသည် အလွန်ဝေးလံသော ဒေသဖြစ်သည့်အားလျော်စွာ ကွန်မြူနစ်သူပုန်များ ခိုအောင်းရာ နေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1