Monday, September 3, 2012

လမျက်နှာပြင်ပေါ်တွင် ရေခဲအချို့တွေ့ရှိ

Ever November | 9/03/2012 03:22:00 PM | Best Blogger Tips

နာဆာမှ သိပ္ပံပညာရှင်များနှင့် ဘော်စတွန် တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များသည် လမျက်နှာပြင် တောင်ဝင်ရိုးစွန်းရှိချက်လ်ခ်လီတန်မီးတောင်ဟောင်းချိုင့်ဝှမ်းတွင် ရေခဲအချို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ လကမ္ဘာပတ် စူးစမ်းလေ့လာရေး အာကာသယာဉ်မှ ပေးပို့သည့် အချက်အလက်များအရ ၄င်းမီးတောင် နံရံများကို ရေခဲ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ ချက်ခ်လီတန် မီးတောင်ချိုင့်ဝှမ်းသည် အရိပ်အတွင်း အမြဲ ကျရောက်နေသည့်အတွက် ရေခဲများ စုဖွဲ့ရန်အတွက် လုံလုံလောက်လောက် အေးမြလျက်ရှိကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ယခင် သုတေသန တွေ့ရှိချက်များအရ လမျက်နှာပြင်သည် ခြောက်သွေ့ သည်ဟု ကြေညာ ခဲ့သော်လည်း ယခု စူးစမ်းလေ့လာရေး အာကာသယာဉ်၏ အနီအောက် ရောင်ခြည်သုံး ရောင်စဉ်တိုင်း ကိရိယာသည် ရေခဲအချို့ကို လမျက်နှာပြင်ပေါ်တွင် ထောက်လှမ်းတွေ့ရှိ ခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1