Monday, September 3, 2012

ကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်စဉ် ငွေဖြည့်သွင်းပြီးကြောင်း စာမပြသော်လည်း ငွေမဆုံးရှုံးနိုင်

Ever November | 9/03/2012 04:29:00 PM | Best Blogger Tips

GMS,WCDMA,CDMA800MHz,CDMA450MHzဖုန်းများအားကြိုတင်ငွေဖြည့်ကတ် ငွေဖြည့်သွင်းရာတွင်
 ငွေရောက်ရှိကြောင်း Message မပြသော်လည်း မိမိဖြည့်သွင်းသောငွေ မဆုံးရှုံးနိုင်ကြောင်း သိရသည်။ ကြိုတင်ငွေဖြည့်ကတ်များအား ငွေဖြည့်ရာတွင် ငွေဖြည့်သူထံသို့ မိမိဖြည့်သွင်းငွေရောက်ရှိကြောင်း

စာမပြသခြင်းမှာ ဖုန်းလိုင်းဆွဲအားနှင့်သက်ဆိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။ ၎င်းမှပြောပြရာတွင် “ကြိုတင်ငွေဖြည့်ကတ်တွေ ငွေဖြည့်တဲ့အခါမှာ
ငွေဖြည့်တဲ့သူဆီကို ဖုန်းဘီလ်ဖြည့်သွင်းပြီးကြောင်း၊ ဘယ်လောက်ဖြည့်သွင်းပြီးကြောင်းနဲ့ ဘယ်နေ့ဘယ်ရက်မှာ ဖြည့်သွင်းထားတဲ့ ဖုန်းဘီလ်ဟာ သက်တမ်းကုန်ဆုံးမယ်ဆိုတဲ့စာကို
ပြန်ပို့ပေးပါတယ်။ ငွေဖြည့်တဲ့သူတွေအနေနဲ့ ငွေဖြည့်တဲ့အခါမှာ အဲဒီစာပြန်မပြဘူးဆိုတာကတော့ ကိုယ်အသုံး ပြုနေတဲ့နေရာနဲ့ရော အသုံးပြုတဲ့ဟန်းဆက်နဲ့လည်း သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ GSM တွေရဲ့လှိုင်းတွေဟာ နံရံတွေ၊ အတားအဆီးတွေကို CDMA လိုမျိုး ဖောက်ထွင်းသွားနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ငွေဖြည့်တဲ့သူက လိုင်းအားအရမ်းနည်းနေတဲ့ နေရာမျိုးမှာ ငွေဖြည့်မိတယ်၊ ဒါမှမဟုတ် လိုင်းအားသိပ်မကောင်းတော့တဲ့ ဟန်းဆက်ကို အသုံးပြုမိတယ်ဆိုရင်တာ့ ကိုယ်ရိုက်နှိပ်ပြီး ဖြည့်သွင်းလိုက်တဲ့ငွေဖြည့်ကတ်ကုဒ် နံပါတ်တွေဟာ Server ဆီကိုရောက်သွားပေမယ့် ကိုယ့်ဆီကို စာပြန်ပြနိုင်လောက်အောင် လိုင်းအားမရတဲ့အခါမျိုးမှာ ပြန်မ၀င်လာတာမျိုး ဖြစ်တတ်ပါတယ်”
ဟုပြောပြခဲ့သည်။ ယင်းကဲ့သို့ ငွေဖြည့်သွင်းပြီးကြောင်း စာပြန်မပြသော်လည်း မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်၏ကုဒ်နံပါတ်များ၊ ဖြည့်သွင်းခြင်း လုပ်ဆောင်ချက်များ မှန်ကန်ပါက မိမိဖြည့်သွင်းငွေမှာ မဆုံးရှုံးနိုင်ကြောင်း သိရသည်။ 
ရေးသားသူ -ကိုသက်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1