Monday, September 3, 2012

ရန်ကုန်တိုင်းဒေသကြီး ထူးချွန်ကျောင်းသား၊ကျောင်း သူများအတွက် ဂုဏ်ပြုဆု ချီးမြှင့်

Ever November | 9/03/2012 09:39:00 AM | Best Blogger Tips

အမှတ်(၃)အခြေခံပညာဦးစီးဌာန ရန် ကုန်တိုင်းဒေသကြီး ၂ဝ၁၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြ တဲ့ကျောင်းသား ၊ကျောင်းသူများ၊ ကျောင်း များ၊မြို့နယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ် ပွဲ အခမ်းအနားကို သြဂုတ် ၃၁ရက်၊ မနက် ၁ဝနာရီက အလုံမြို့နယ်ရှိ အ.ထ.က(၄) ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီး ဌာနဝန်ကြီးဦးလှမြင့်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့် သိန်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ စိုက် ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဦးစိုးမင်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး ဦးကျော်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုး ရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဥာဏ်ထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရခိုင်တိုင်းရင်းသားရေးဝန်ကြီးဌာနဝန် ကြီး ဦးဇော်အေးမောင်၊ ရန်ကုန် တိုင်းဒေသ ကြီး ဥပဒေချုပ်ဦးကျော်မိုးနိုင်၊ အမှတ်(၃) အခြေခံပညာ ဦးစီး ဌာန တာဝန်ခံညွှန်ကြား ရေးမှူးချုပ်ဆရာကြီး ဦးအောင်ချိန်တို့ အပြင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်း အနားမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း သိပ္ပံ ဘာသာတွဲနဲ့ အောင်မြင်ခဲ့သူများမှ အမှတ် အများဆုံးရရှိခဲ့တဲ့ အဆင့်(၁)မှ (၁ဝ)အထိ ရရှိခဲ့သူ ပထမဆု(၁)ဦး၊ ဒုတိယဆု(၁)ဦး၊ တတိယဆု (၃)ဦး၊ စတုတ္ထဆု(၃)ဦး၊ ပဉ္စမဆု (၁)ဦး၊ ဆဋ္ဌမဆု (၆)ဦး၊ သတ္တမဆု(၂)ဦး၊ အဋ္ဌမဆု (၁)ဦး၊ နဝမဆု(၃)ဦး၊ ဒသမဆု(၆)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၂၇)ဦး၊ ထို့နောက် ဝိဇ္ဇာဘာသာတွဲ နဲ့အောင်မြင်ခဲ့ကြ သူများထဲမှ ထူးချွန်ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၂)ဦး၊ ၂ဝ၁၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောင်ချက် အကောင်းဆုံး မြို့နယ်များ ဖြစ်တဲ့ အထက-၁ ဒဂုံ မြို့နယ် ပထမဆု၊ အထက-၂ လသာ မြို့နယ် ဒုတိယဆု၊ အထက-၅ ဗိုလ်တထောင် မြို့နယ်တတိယ ဆုတို့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောင်ချက် အကောင်းဆုံး အခြေခံပညာ အထက်တန်းကျောင်း ခွဲများ ဖြစ်တဲ့ လသာမြို့နယ် (အထက်တန်းကျောင်း ပထမဆု)၊ ဒဂုံမြို့နယ် (အထက်တန်းကျောင်း ဒုတိယဆု)၊ကမာရွတ်မြို့နယ် (အထက် တန်း ကျောင်းတတိယဆု) တို့ရရှိခဲ့ပြီး ဆုအသီးသီး ကို ရန်ကုန်တိုင်း ဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1