Monday, September 3, 2012

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းကမ်းခြေ၌ ဝေလငါးများ သောင်တင်ပြီးသေဆုံး

Ever November | 9/03/2012 04:15:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း အတ္တလန္တစ်ကမ်းခြေတွင် စက်တင်ဘာ ၂ ရက် နံနက်က ဝေလငါးကောင်ရေ ၂၂ ကောင် လာရောက် သောင်တင်နေရာ ယင်းတို့ အနက် ၁၇ ကောင်မှာ သေဆုံးနေကြောင်း အာဏာ ပိုင်များက ပြောကြားသည်။ အသက်ရှင်နေဆဲဖြစ်သည့် ဝေလငါး ငါးကောင်ကို ဖလော်ရီဒါပြည်နယ်ရှိ ငါးနှင့် သဘာဝတောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက် ရေးဌာနသို့ လွှဲပြောင်းပေးပို့ခဲ့သည်။ ဝေလငါးများ သေဆုံးရမှုကို အတိအကျ မသိရှိရသော်လည်း သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် ဒီရေလှိုင်းများကြောင့် ဖြစ်နိုင်ကြောင်း ၄င်းတို့က သုံးသပ်လျက် ရှိသည်။ ယခုသေဆုံးသည့် ဝေလငါးမျိုးသည် ပင်လယ်ရေကြောင်း ခရီးတွင် လမ်းပြသဖွယ် ပြုလုပ်ပေး တတ်သော ဝေလငါးမျိုးဖြစ်သည်။ အခြားငါးများထက် အသိဉာဏ်မြင့်မားပြီး ကမ္ဘာ့ ပင်လယ်နှင့် သမုဒ္ဒရာ များတွင် ကျင်လည် ကျက်စားလေ့ရှိသော ငါးမျိုးဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1