Monday, September 3, 2012

ကမ္ဘာ့မီဒီယာကို သက်သေပြရန် အင်ဒိုနီးရှားကြက်ခြေနီကိုယ်စားလှယ်အဖွဲ့လာရောက်ခြင်းဖြစ်

Ever November | 9/03/2012 10:07:00 AM | Best Blogger Tips

ရခိုင်ပြည်နယ်အတွင်းရှိဘေးဒဏ်သင့်ပြည်သူများအားအကူအညီပေးရန်အတွက်အင်ဒိုနီးရှား နိုင်ငံကြက်ခြေ
နီအသင်းမှအကြီးအကဲ မစ္စတာ  Arifin Muh Hadi  ဦးဆောင်သည့်အဖွဲ့ နှင့် မြန်မာကြက်ခြေနီအသင်းတို့ သြဂုတ်လ(၃၁)ရက်နေ့ကရခိုင်နှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့သွားရောက်ကာ အထောက်အပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ဘင်္ဂါလီဒုက္ခသည်စခန်းဖြစ်သည့် စစ်တွေမြို့နယ် ခေါင်ဒုက္ကာဒုက္ခသည်စခန်းမှဘေးဒဏ်သင့် ဒုက္ခသည်များနှင့် ရခိုင်ဒုက္ခသည် မင်းဂံ ဒုက္ခသည်စခန်း၊ဘောလုံးကွင်း ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ နှစ်ဘက်ဒုက္ခသည်များအတွက် အဝတ်အထည်နှင့် အိမ်အ  သုံးဆောင်အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များက သြဂုတ်လ(၃၀)ရက်နေ့ကတည်းက စစ်တွေမြို့သို့ရောက် ရှိနေခြင်းဖြစ်ပြီး ၄င်းတို့နိုင်ငံမှ ဥက္ကဌအကြီးအကဲ၏ ညွှန်ကြားချက်အရလာရောက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကိုယ်စားလှယ်(၆)ဦးပါ အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်းမှသတင်းမီဒီယာသမား (၃)ဦးလည်း ပါဝင်သည်။

“ဒီအင်ဒိုနီးရှားက မစ္စတာ အာရဖန်ပေါ့နော် ဦးဆောင်ပြီး (၆)ဦးရောက်လာတယ်၊ရောက်လာတဲ့ ရည်ရွယ်ချက်ကတော့ အရင်လတုန်းက အင်ဒိုနီးရှား ကြက်ခြေနီအသင်းဥက္ကဌ လာသွားတယ်၊ လာသွားပြီးတော့ဒီအခြေနေကို စောင့်ကြည့်သွားတယ်၊သူ့နိုင်ငံရောက်တဲ့အချိန်မှာ သတင်းအချက်အလတ်တွေဖလှယ်တယ်ပေါ့။ ပြီးမှသူတို့နိုင်ငံဥက္ကဌကြီးရဲ့ညွှန်ကြားချက်အရပေါ့  ဒီကိုလာပြီးတော့တကယ်တွေ့ ရှိချက်တွေပေါ့ အမှန်တကယ်ဖြစ်နေတဲ့ situation ကို စာရင်းပြုစုမယ်။သတင်းဆောင်းပြီးတော့မှ   ကမ္ဘာ့မီဒီယာကို တင်ဖို့အတွက် လာကြတာ”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဘေးဒုက္ခစီမံခန့်ခွဲရေးအရာရှိ စစ်တွေတာဝန်ခံ ဦးကျော်ဆန်းဝင်းက ပြောသည်။

ထို့အပြင်၎င်းတို့၏ခရီးစဉ်သည်အငြင်းပွားနေသောသတင်းအချက်အလတ်အမှားများကိုလေ့လာပြီး မြန်
မာနိုင်ငံကြက်ခြေနီအသင်းနှင့် အင်ဒိုနီးရှားကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီးဖြေရှင်းရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုဦးကျော်ဆန်းဝင်းက ရှင်းပြသည်။

“ အဓိက ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့မီဒီယာမှာ  မြန်မာအစိုးရအနေနဲ့ဒီဘင်္ဂလီတွေကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ သတင်းအမှားတွေ တက်နေတယ်၊အဲဒီသတင်းအမှားတွေကို အင်ဒိုနီးရှားကြက်ခြေနီအနေနဲ့မြန်မာကြက်ခြေနီနဲ့ပူးပေါင်းပြီးတော့မှ ဖြေရှင်းချင်တယ်၊ ဘယ်လို ကြည့်ရှုစောင့်ရှောက်ပါတယ်ဆိုတာကိုပေါ့ အခုလာတဲ့ (၆) ဦးထဲမှာ (၃)ဦးက မီဒီယာ သမားပေါ့၊၊အဲဒီ(၃)ဦးက နေပြီးတော့မှအဲဒီRealsituationမှာဘယ်လိုရှိနေတယ်ဆိုတဲ့တကယ့်အမှန်တကယ်
  မြန်မာပြည်ထောင်စုအစိုးရအနေနဲ့ရော ၊ပြည်နယ် အစိုးရအနေနဲ့ ရော   နှစ်ဘက်စလုံးမှာ ရခိုင်နဲ့ ဘင်္ဂါလီတွေ ဘက်ကိုရော  ဘယ်လိုကူညီထောက်ပံ့မှုတွေနဲ့ ဘယ်လို  TAKE လုပ်နေပါတယ်တဲ့  အဲဒီReal Situation  ကို အင်ဖော်မေးရှင်းကော်လံလုပ်ပြီးတော့မှကမ္ဘာ့မီဒီယာကို တင်ပြဖို့အတွက် ရည်ရွယ်ချက်နဲ့ သူတို့လာတာဖြစ်ပါတယ်”ဟုဦးကျော်ဆန်းဝင်း ကဆက်ပြောသည်။

ထိုအပြင် ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ပြည်သူများအတွက် လိုအပ်သည့်အထောက်အပံ့ပစ္စည်းများကို အင်ဒိုနီးရှားနိုင်ငံမှ ဆက်လက်ထောက်ပံ့သွားရန်မြန်မာကြက်ခြေနီအသင်းနှင့်ညှိနှိုင်းထားကြောင်းကိုလည်း သိရှိရသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1