Tuesday, November 6, 2012

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၃)

Ever November | 11/06/2012 03:50:00 PM | Best Blogger Tips
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား နိုင်ငံတော်အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေဟာ တပည့်များကို ဘယ်လိုနေရာပေး ဆွဲတင်လာခဲ့တယ်၊ တပည့်များရဲ့ တပ်တွင်း ဆက်ဆံရေး အနေအထား အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာတွေကို စာဖတ်ပရိတ်သတ် အများစုက သိချင်နေကြပါတယ်။ ဒီတကြိမ်မှာတော့ ဦးသန်းရွှေရဲ့ တပည့်ရင်းထဲက ဗိုလ်ချုပ်ဝင်းလှိုင် အကြောင်းကို စစ်ဒေသ (၂) (ရန်ကုန်တိုင်း စစ်ဌာနချုပ်) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးနဲ့ အခုလို ဆက်သွယ် မေမြန်းခဲ့ပါတယ်။
ဗိုလ်မှူး ။ ။ ဗိုလ်ချုပ်ဝင်းလှိုင်ကတော့ (O.T.S - 30) ကျောင်းဆင်းတစ်ဦးပါ။ ဗိုလ်ချုပ်မှူးကြီးကို Golf ရိုက် သင်ပေးခဲ့တဲ့ ဆရာ တစ်ဦးဖြစ်တယ် ဆိုရင် မမှားဘူးပေါ့ဗျာ။ ဦးသန်းရွှေ တပ်မ (၈၈) တပ်မမှူးရာထူးနဲ့ ရှေ့တန်း ကျိုင်းတုံမှာ ရှိနေစဉ် Golf ရိုက် ကျွမ်းကျင်အောင် လေ့ကျင့် သင်ကြားပေးခဲ့တယ်။ ဗိုလ်ချုပ်ဝင်းလှိုင်ဟာ တရုတ်စပ်ပြီး လူငယ်လို Hot Style လန်လန်ပျံပျံနဲ့ စစ်သားလို မနေပဲ ခပ်ထောင်ထောင် နေတတ်တယ်။ ဦးသန်းရွှေ ကက (ကြည်း) မှာ ဒုတပ်ချုပ်၊ တပ်ချုပ် ဖြစ်လာတော့ ဗိုလ်ချုပ်ဝင်းလှိုင်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဒေသ (၂) မှူး၊ ဗိုလ်မှူးချုပ်အဆင့် ရာထူးပေးတယ်ဗျ။ အဲ့ဒီတုန်းက စစ်ဒေသမှူးတွေဟာ ဗိုလ်မှူးကြီးအဆင့်သာရှိလို့ အဲဒီတုန်းက ရန်ကုန်တိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်စိန်ထွားနဲ့ ယှဉ်ရင် တန်းတူ ပုခုံးချင်း ယှဉ်နေလို့ တပ်အစဉ်အလာ ထုံးစံ မဟုတ်သလို ဖြစ်နေတယ်ဗျ။ သက္ကန်းကျွန်းမြို့ ကျိုက္ကဆံဘုရားကို ဦးသန်းရွှေက ယာဉ်တန်းနဲ့ ကြိုတင် အသိမပေးပဲ ရုတ်တရက် ဘုရားဖူး လာတယ်ဗျ။ အဲ့ဒီမှာ နယ်မြေဧရိယာ လုံခြုံရေးအရ တာဝန်ရှိတဲ့ ဗိုလ်ချုပ်ဝင်းလှိုင်က ဦးသန်းရွှေကို တစုံတခု ဖြစ်သွားရင် သူ့မှာ တာဝန်ရှိမှာဖြစ်လို့ ဒီလို မဖြစ်သင့်ကြောင်း ခပ်ဆတ်ဆတ်စကား ပြောလိုက်တယ်ဗျာ။ ဘေးနားက အရာရှိတွေ အံ့သြကုန်ကြတယ်။ ဘယ်သူမှ ဒီလိုမပြောရဲဘူးလေ။
အယ်ဒီတာ ။ ။ သူက ဘယ်လို ဆက်စခန်း သွားသလဲဗိုလ်မှူး စိတ်ဝင်စားစရာ ဖြစ်လာပြီ။
ဗိုလ်မှူး ။ ။ သူက အဘိုးကြီးကို ရုတ်တရက်ဆိုတော့ ကွန်တော်ဘာမှ မစီစဉ်ထားဖူးဗျ။ ဘုရားနားက ဗူးသီးကြော်ပဲ ရှိတယ်လို့ ပြောပြောဆိုဆို သူ့ရဲ့ G-3 (စစ်ဦးစီးမှူး တတိယတန်း) အား သွားဝယ်ခိုင်းလိုက်တယ်။ အဘိုးကြီးလည်း အဲ့ဒီအကြော်တွေ ချပေးတာနဲ့ ဆေးဖက်ဆရာဝန်တောင် စစ်ဆေးချိန် မရလိုက်ဘဲ “ဝါး” တော့တာပါဘဲဗျာ။ ကိုဝင်းလှိုင်ဟာ အတွင်းရေးမှူး (၁) ဒုဗိုလ်ချုပ်ကြီးခင်ညွှန့် ဒဂုံမြို့သစ် (မြောက်) ကို လာစစ်တုန်းကလည်း ခါးထောက်၊ စီးကရက် လက်ကြားညှပ်ပြီး အင်္ကျီလက်ခေါက်လျှက်နဲ့ ဆက်ဆံတာ။ ခပ်မိုက်မိုက်ဘဲ။ နောက်ပြီး စစ်ရုံးမှာ လူကြီးတွေကို Brain Watch လုပ်တဲ့အနေနဲ့ ညကျောင်းအမြဲလိုလို တက်ခိုင်းနေရာ ဦးသန်းရွှေကို ညနက်ပိုင်းတော့ အိပ်ရာဝင်ဖို့ ဗိုလ်ချုပ်တစ်ဦးက ကိုဝင်းလှိုင်ကို လေပြေထိုး ပြောခိုင်းပါတယ်။ ကိုဝင်းလှိုင်လည်း အဘိုးကြီးစားဖို့ ညနေအေးစာ စားစရာတစ်ခုကို ဇွတ်ကနဲယူလာကာ အဘိုးကြီး လက်ကိုဆွဲ စားခိုင်းလိုစားခိုင်း၊ စောင်ဆွဲပြီး အိပ်ခိုင်းမလို လုပ်တဲ့အခါ “ဟ ဝင်းလှိုင်ရ ငါမပြီးသေးဘူးကွ” လို့ ပြောတာတောင် မရဘဲ ရူးသလိုပေါသလို အတင်းဆွဲအိပ်ခိုင်းရဲတဲ့အထိ ပိုင်တယ်ဗျ။ ထက်မြက်ပါတယ်ဆိုတဲ့ တပ်မ (၂၂) တပ်မမှူးဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီးတင်လှနဲ့ ကိုဝင်းလှိုင်တို့ ပြဿနာတက်ကြသေးတယ်။ အဲ့ဒီတုန်းက ပညာရေးတက္ကသိုလ်ဝင်း (အသံလွှင့်ရုံရှေ့) အတွင်း တပ်မ (၂၂) ရှေ့တန်း ဌာနချုပ်ရှိရာကို ဗိုလ်ချုပ်ဝင်းလှိုင်ဟာ ကားကို “ဆောင့်” မောင်း မောင်းလာပြီး ငါ တကောကော အော်ဟစ် ကြိမ်းမောင်းတဲ့အထိ “ချဲ” ဖူးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးတယ်။
အယ်ဒီတာ ။ ။ ဗိုလ်မှူးရေ သူ့ကို အဖိုးကြီးက ဘယ်လို ဘယ်အထိ ဆွဲတင်လာသလဲ။
ဗိုလ်မှူး ။ ။ ဦးသန်းရွှေချစ်ပုံက စံချိန်ချိုးတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်ဝင်းလှိုင်ကို တန်းခန့်လိုက်တယ်ဗျ။ အဲ့ဒီရာထူးက နိုင်ငံခြားနဲ့ အမေရိကန်ဒေါ်လာ သုံးခွင့် ဆက်သွယ်ခွင့် ရတာမို့ ဗိုလ်ချုပ်တိုင်း သည်းခြေကြိုက်တဲ့နေရာဗျ။ နိုင်ငံခြားမှ စစ်လက်နက်ဝယ်ရင် ကုမ္ပဏီတွေက ကော်မရှင် ရာခိုင်နှုန်းအလိုက်ပေးလို့ ပွဲခရတာမို့ ဒေါ်ကြိုင်ကြိုင်ကို “မ” စ လို့ ရတာပေါ့ဗျာ။
အယ်ဒီတာ ။ ။ ဟုတ်ကဲ့ခင်ဗျား၊ အခုလို ပြောကြားသွားတဲ့အတွက် ဗိုလ်မှူးကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
photayokeking.org

ပြန်ဖတ်ရန်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1