Saturday, November 17, 2012
ဂျပန်အနောက်ပိုင်း ကမ်းခြေ၌ ခရီးသည်တင်သင်္ဘောသောင်တင်
Ever November | 11/17/2012 11:39:00 AM |
နိုင်ငံတကာသတင်း
သင်္ဘောသားကိုးဦးနှင့်အတူ အထက်တန်းကျောင်း တစ်ကျောင်းမှ အပျော်ခရီး ထွက်လာသည့် ကျောင်းသားကျောင်းသူ များနှင့် ဆရာဆရာမများ အပါအ၀င် စုစုပေါင်း လူ ၁၆၂ ဦးအား တင်ဆောင်လာသော ခရီးသည်တင် သင်္ဘောတစ်စင်း ဂျပန်နိုင်ငံ အနောက်ပိုင်း ရာမာဂူချီကမ်းခြေတွင် နိုဝင်ဘာ ၁၄ ရက်က သောင်တင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရကြောင်း ဂျပန်ရေကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဂင်ဂါအမည်ရှိ အဆိုပါခရီးသည်တင် သင်္ဘောသည် ရာမာဂူချီစီရင်စု စူအို-အိုရှီးမားမြို့ ကမ်းခြေ အနောက်တောင်ဘက် ၁ ဒသမ ၄ ကီလိုမီတာခန့်ရှိ ရေတိမ်ပိုင်းတွင် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၂၀ က သောင်တင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ယင်းသင်္ဘော သောင်တင်နေမှုကို ကယ်ဆယ်ရေး လုပ်ငန်းအတွက် ကင်းလှည့်ရေယာဉ်အချို့နှင့် ရဟတ်ယာဉ်တစ်စင်းအား ဖြစ်ပွားသည့် နေရာသို့ စေလွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ၄င်းသင်္ဘောပေါ်မှ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ အားလုံးကို ယင်းနေ့ ညနေ ၆ နာရီက ၄င်းတို့၏ ရေယာဉ်များဖြင့် အနီးအနားရှိ ဆိပ်ကမ်းသို့ လုံခြုံဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း၊ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိမှု မဖြစ်ပေါ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment