Saturday, November 17, 2012

ဆွာရက်ဇ်ကို မိမိတို့ ဝယ်ယူမည် မဟုတ်ဟု မန်စီနီ ပြောကြား

Ever November | 11/17/2012 01:54:00 PM | Best Blogger Tips
ဆွာရက်ဇ်ကို ၀ယ်ယူဖွယ် မရှိဟု ပြောလိုက်သည့် မန်စီနီ

မိမိတို့ အသင်းက လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရန် လုပ်ဆောင်နေကြောင်း သတင်းများကို မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ငြင်းဆိုလိုက်သည်။
အီတလီသား မန်နေဂျာကြီးက လီဗာပူးလ်မှ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးအတွက် မန်စီးတီးက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် မဟုတ်ဟု ဆိုသည်။ အစောပိုင်းက လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာကလည်း ပေါင်စတာလင် သန်း(၄၀)တန် ကစားသမားကို ရောင်းမည်မဟုတ်ဟု ပြောဆိုခဲ့သေးသည်။ မန်စီနီက မိမိအနေဖြင့် ဆွာရက်ဇ်ကို ချဉ်းကပ်ရန်ထက် အသင်းမှ အီတလီ လက်ရွေးစင် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီကိုသာ ပိုမို ယုံကြည်မှု ထားရှိမည်ဟု ပြောကြားခဲ့သည်။
မန်စီနီက "ကောလာဟလေ သက်သက်ပါ။ တစ်ခုမှ မမှန်ပါဘူး။ ဆွာရက်ဇ် သတင်းတွေနဲ့ ပတ်သက်လို့ ကျွန်တော် ဘာမှ မသိဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မန်နေဂျာ နေရာအတွက် မန်စီးတီးက ဂျိုးဆက် ဂွာဒီယိုလာကို ဆွေးနွေးနေတယ်တဲ့။ ခုတစ်ခါ ဆွာရက်ဇ် သတင်း ပေါ်လာပြန်ပါပြီ။ နောက်တစ်ခါ ဘာလော့တယ်လီ အသင်းက ထွက်မယ်တဲ့။ ကျွန်တော် ပြောပါမယ်။ မန်စီးတီးမှာ ကောင်းမွန်တဲ့ စုဖွဲ့မှုမျိုး ရှိနေပြီးသား ဖြစ်ပါတယ်။ ဇန်နဝါရီမှာ တခြား ကစားသမား တစ်ယောက် ဝယ်ယူဖို့ မလိုပါဘူး။ နောက်ပြီး ကျွန်တော်တို့မှာ တိုက်စစ်မှူး (၄)ယောက် ရှိနေပါပြီ။ ဆွာရက်ဇ်ဖြစ်ဖြစ်၊ တခြား တစ်ယောက်ဖြစ်ဖြစ် မဝယ်နိုင်ပါဘူး။ ဆွာရက်ဇ်အနေနဲ့ လီဗာပူးလ် အတွက်ပဲ ကစားပါစေ" ဟု ဖြေရှင်း ပြောဆိုသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1