Saturday, November 17, 2012

KIA မှ လူသစ်စုခြင်းအား စီးပွားရေးလုပ်ငန်းတစ်ရပ်လို လုပ်ကိုင်နေ

Ever November | 11/17/2012 04:08:00 PM | Best Blogger Tips
KIA မှ စုဆောင်းရရှိသော တပ်သားသစ် ကလေးငယ်များ
မြန်မာစစ်တပ်နှင့် KIA အဖွဲ့ကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွား ခဲ့ရာ KIA ဘက်မှ သက်ဆိုင်ရာနယ်မြေ အလိုက် ဒေသခံလူထုအား အတင်းအဓမ္မဖမ်းဆီး၊ အချိန်တိုအတွင်း သင်တန်းပေး၊ လက်နက် ကိုင်ဆောင် တိုက် ပွဲဝင်စေခြ့သဖြင့် ဒဏ်ရာရ သေဆုံးမှုအလွန်များပြားခဲ့လို့
တပ်သားသစ် စုဆောင်းခြင်းလုပ်ငန်းကို ယခင်ထက်ပိုမို လုပ်ကိုင်ရန် KIA ဗဟိုဌာနချုပ်မှ တွန်းအားပေး လျက်ရှိကြောင်း သိရှိရပါတယ်။
KIA တပ်မဟာ၊ တပ်ရင်းများမှလည်း အထက်ညွှန်ကြားချက်အရ အကြောင်းပြပြီး အသက်အရွယ် ကြီး/ငယ် ကျား/မ မရွေး အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်း၍ တစ်ဦးလျှင် ပျှမ်းမျှ ၃ သိန်းပေးပါက  ပြန်လည်စေလွှတ်ပေးနေ ကာ စီးပွားရေးလုပ်ငန်းတစ်ရပ်လို လုပ်ကိုင်နေကြောင်း၊ ဖမ်းဆီးခံရပြီး   ပြန်လည်လွတ်မြောက်လာသူတစ်ဦးမှ ပြောပြပါတယ်။
KIA မှ အမျိုးသမီးများပါမကျန် တပ်သားသစ်စုဆောင်းခဲ့
ထိုသို့ KIA အဖွဲ့အတွင်း တပ်သားသစ်များဖမ်းဆီးပြီး   ငွေပေးပြန်လွှတ်မှုများအား   နိုင်ငံတွင်း သာမက ပြည်ပနိုင်ငံ များရှိ လူ့အခွင့်အရေးအဖွဲ့များထံ တိုင်ကြားမှုများရှိလာရာ KIA ဗဟိုဌာနချုပ်မှ လက်အာက်ခံ တပ်မဟာ၊ တပ်ရင်းများသို့ KIA တပ်ရင်းမှူး၊ တပ်ဖွဲ့မှူးများအနေဖြင့် တပ်သားသစ် များအား ငွေကြေး ရယူပြန်လည်စေလွှတ် ခြင်းမပြုရန်၊ ငွေကြေးရယူကြောင်း စုံစမ်းသိရှိရပါက ပြင်းထန်စွာ အရေးယူမည်ဟု ညွှန်ကြားထားရှိကြောင်း လိုင်ဇာဌာနချုပ်ရှိ KIA အရာရှိတစ်ဦးမှ ပြောပြပါတယ်။
KIC

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1