Saturday, November 17, 2012

ဘားရက်အိုဘားမား စကားတခွန်းကြောင့် မီးဟုန်းဟုန်း မတောက်ပါစေနဲ့ 

Ever November | 11/17/2012 04:13:00 PM | Best Blogger Tips
မြန်မာနိုင်ငံသို့  အမေရိကပြည်ထောင်စုသမ္မတမစ္စတာဘားရက်အိုဘား မားက လာမဲ့ - ၁၉-ရက်နေ့ မှာ လာ မည်ဖြစ်သည် ။  သူ၏ ခရီးစဉ်နှင့် ပါတ်သက်၍ လူ့ အခွင့်အရေးအဖွဲ့ အစည်းများဆိုသူက စော လွန်းသေးသည်ဆိုကာ တချို့ က ကန့် ကွက်နေကြသေးသည် ။ 
တချို့ ကမူ ယခုလို လာရောက်ခြင်းအပေါ် ထောက်ခံကြသည် ။
ရေဒီယိုများကမူ ထုံးစံအတိုင်း သွေးထိုးလှုံ့ ဆော်မှုများဖြင့် ပြောဆိုရေးသားအသံလွှင့်နေဖြစ်ကြသည် ။ အမေရိကန် အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ မစ္စတာ ( Donilon ) က ယနေ့ တ့ နေ့ စွဲဖြင့် ဘီဘီစီက  ထုတ်လွှင့်ရေးသား ခဲ့ရာ၌ မစ္စတာဘားရက်အိုဘားမား၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးစဉ်နှင့် ကချင်ပြည်နယ်- ရခိုင်ပြည်နယ် ဖြစ်စဉ်
များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း အင်တာဗျူး ပြုလုပ်သွားသည်ကို

 တွေ့ ရသည် ။

သူ၏ ပြောကြားချက်မှာ ရခိုင်ပြည်နယ်မှာ မရှိသော ၄င်း( မွတ်ဆလင် အဖွဲ့ အစည်း ) တို့  ပြောဆိုနေသည့် နာမည်မျိုးဖြင့် ပြောဆိုသွားခြင်းဖြစ်သည် ။ ဤသည်မှာ 
လွန်စွာ စိုးရိမ်ရသော စကားဖြစ်သည် ။ 
 
အမေရိကန် သမ္မတ အိုဘားမား၏ ခရီးစဉ်သည် နာရီပိုင်းလောက်မျှသာ ဖြစ်သော်လည်း ယင်းနာရီပိုင်းကား ရခိုင်ပြည်နယ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသလို မြန်မာနိုင်ငံအတွက်လည်း အလွန်တရာ သတိထားရမည့် အကြောင်းအရာဖြစ်သည် ။

ဘားရက်အိုဘားမား၏ လုံခြုံရေးကို အမေရိကန် အစိုးရက ဂရုတစိုက် ဆောင်ရွက်နေသလို မြန်မာနိုင်ငံကလည်း ကိုယ့်နိုင်ငံ မပျက်စီးရေးအတွက် ဆောင်
ရွက်ရန် လိုနေသည် ။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းပြီး တနိုင်ငံလုံးပြာကျအောင် ပြုလုပ်နိုင်သော စကားတခွန်းကို မပြောမိအောင် ကြိုတင် ကာကွယ်ကြရန် လိုနေသည် ။ မနေ့ က မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်၏ ဗုဒ္ဒဘာသာ ရဟန်းသင်္ဃာတော်များ ၊ မွတ်ဆလင်ဆရာများကို တွေ့ ဆုံပြီး 
တင်ပြချက်မှာ တိကျသော သမ္မတ၏ ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ရည်ညွှန်းခြင်းဖြစ်သည် ။ 

၎င်းတင်ပြလျှောက်ထားချက်ကို ပြည်သူတရပ်လုံးက လိုက်နာလေးစားရန်လိုသည် ။ သမ္မတဦးသိန်းစိန်၏ ယခုကဲ့ သို့ တင်ပြချက်ကိုလည်း လာမည့်-၁၉-ရက်နေ့ တွင် လာရောက်မည့် အမေရိကန် သမ္မတ 
ဘားရက်အိုဘားမားကိုလည်း ပေးအပ်ရန်လိုသည် ။

 အကြောင်းမှာ သမ္မတဦးသိန်းစိန်၏ အလွန်တရာပြည့်စုံသော တင်ပြချက်ကို ကမ္ဘာတ၀န်းလုံးမှ လေးစား လိုက်နာ ကျင့်သုံးကြသွားမည်ဖြစ်သည် ။ 

မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီ ကုလားတို့ ၏ သူတို့ ကို သူတို့  ခေါ်ဆိုစေလိုသော နာမည်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောဆိုခြင်း မရှိသည်ကို ဤနေရာ၌ အထူးမှတ်သားရန်လိုသည် ။

 ယင်းအချက်မှာ ကမ္ဘာ့ကုလသမ္မအပါအ၀င် ယခုလောလောလတ်လတ် မြန်မာနိုင်ငံသို့  နာရီပိုင်းမျှသာ လာရောက်မည့် ဘားရက်အိုဘားမားကလည်းသိသွားရန်လိုသည် ။ 

တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူသတင်းစာနှင့် တွေ့ ဆုံရာတွင် ၄င်း၊ ဥရောပ နှင့် အမေရိကခရီးစဉ် တလျှောက်လုံးမှာလည်း၎င်းနာမည်ကို တလုံးတလေတောင်မျှ ယောင်လို့ တောင် ထည့်သွင်း
မပြောဆိုခဲ့ ချေ ။ 

နယူးဒေလီတွင်  ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ခြင်း ၊ မီးကွင်းပစ်ခြင်း ၊ လူသတ်ခြင်းတို့ ကို ပြုလုပ်နေသော သူတို့ ကို ဆိုပြီး  ( နယ်စပ်မှ စိမ့်ဝင်လာသေ ဘင်္ဂလီ လူမျိုး ဟု ) ပြောကြားသွားခြင်းမှာ အင်မတန်ထူးခြားသော ဒေါ်စု၏ ရင်တွင်းကလာသော စကားဖြစ်သည် ။

 ဒေါ်အောင်ဆန်းစုကြည်မှ မုဒိမ်းကျင့်ပြီး ပြသနာဖြစ်လာသော ရခိုင်ပြည်နယ် ဖြစ်စဉ်ကို တိတိကျကျ သိရှိထားသူဖြစ်သောကြောင့် ဤအချက်ကိုပင် အင်တာဗျူးပြောဆိုသွားခြင်းဖြစ်သည် ။

 ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဒဘာသာကို သက်ဝင်ယုံကြည်သော မြန်မာအမျိုးသမီးကောင်း တဦးဖြစ်နေသည်ပေဘဲ ။ 

 သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ )  မျိုးသာရှိသည်ဆိုခြင်းကိုလည်း ကမ္ဘာသို့ ကြေညာထားပြီးဖြစ်ရာ ယခုအချိန်မှာ အမေရိကပြည်ထောင်စု၏ သမ္မတ ဘားရက်အိုဘားမားကလည်း ယင်းအချက်ကို လေးစားလိုက်နာရမည်ဖြစ်သည် ။ 

နိုင်ငံတနိုင်ငံ၏ အချုပ်အချာ အာဏာပိုင် နယ်မြေဒေသမှ မူဝါဒရေးရာ ပေါ်လီစီကို မိမိတို့ နိုင်ငံနှင့် သဟဇါတဖြစ်အောင် ပြောဆိုတိုက်တွန်းခြင်းမှာ နိုင်ငံတနိုင်၏ အချုပ်အချာအာဏာကို ၀င်ရောက်ထိပါး စော်ကားခြင်းဖြစ်သည်။

 အဓိကအားဖြင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံတွင် မရှိသော ၄င်းလူမျိုးနာမည်ကို ထည့်သွင်းမပြောကြားရန် ရန်ကုန်ရှိ အမေရိကန်သံရုံးသို့  တောင်းဆိုစာများ ပေးပို့ ရမည်ဖြစ်သည် ။ 

 အဘယ့်ကြောင့်ဆိုသော် ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပါတ်သက်၍ ၄င်းနာမည်ကို ရှေ့တန်းတင်ပြီး ပြောဆိုရေးသားနေကြခြင်း ရှိနေသမျှ ရခိုင်ပြည်နယ် တွင်ပဏ္ဍိပက္ခတို့ မှာ မီးခိုးကြွက်လျှောက် ဆက်လက်ဖြစ်ပေါ်နေအုံးမည်ဖြစ်သည် ။ 

 ရခိုင်ပြည်နယ်တွင် ပပဋိပက္ခများ ဖြစ်ပေါ်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီကုလားများကို ချော့မော့နှစ်သိမ့်သော ဓါတ်ပုံကိုလူများမြင်တွေ့ သွားကြရာ ၄င်းဓါတ်ပုံကို နိုင်ငံရေးအရ အသုံးချသွားခြင်းများ ရှိနေခဲ့ သည် ။

 ယခုလည်း သမ္မတဘားရက်အိုဘားမားကသာ သူတို့ ၏ အဓိကလိုချင်သော ၄င်းနာမည်ကို ထည့်သွင်းပြောခဲ့ ပါက ရခိုင်ပြည်နယ်မှာ ချက်ချင်း မီးဟုန်းဟုန်း တောက်လောင်သွားသလို မြန်မာနိုင်ငံတော်လည်း မီးဟုန်းဟုန်း တောက်သွား
မည့် လောင်စာဖြစ်သွားနိုင်သည် ။

 မည်သည့်အတွက်အကြောင့်ဆိုလျှင် -OIC- မှာ ဘားရက်အိုဘားမားကို ၄င်းနာမည်နှင့် ထည့်သွင်းပြောဆိုပြီး ဆောင်ရွက်ခဲ့ ပါရန် အိပ်ဖွင့်ပေးစာ ပေးထား၍ ဖြစ်သည် ။

 အကယ်၍ အိုဘားမား၏ စကားတခွန်းကြောင့် မီးဟုန်းဟုန်းတောက်သွားမည်ဆိုလျှင် မီးဟုန်းဟုန်း မတောက်ဖြစ်အောင် အစိုးရနှင့် နိုင်ငံရေးပါတီများ ၊ ရဟန်းပြည်သူ တရပ်လုံးက ကြိုတင်ပြီး အမေရိကန်သံရုံးသို့  မေတ္တာရပ်ခံ အိပ်ဖွင့်ပေးစာများ ပေးရန်လိုပါကြောင်း ။

ခိုင်အောင်ကျော် ( နယူးယောက်)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1