စိတ်လေနေမည်။
 အတွေးများမည်။ ရည်ရွယ်ချက်များသလောက် စိတ်တိုင်းမကျဖြစ်နေမည်။ တစ်ခုပြီးမှ
 တစ်ခုလုပ်လျှင်အောင်မြင်မည်။ တိုင်ပင်ပြီး မှ လုပ်ရဲတတ်သူတွေဖြစ်၍ 
အမှားနည်းမည်။ ကတိတစ်ခု ကြောင့် စိတ်ရှုပ်ရမည်။ ထီပေါက်ကိန်းရှိ၍  ဒီတပတ်အတွင်း ထီထိုးပါ။  ၁
 ထိပ်နှင့် ၆၊၈၊၀ ပိတ်ထိုးလိုက်ပါ။ ကျန်းမာရေး မှာ ဦးခေါင်း ၊ ရင်ဘတ် 
ချူချာ တတ်၍ အအေးပတ်မခံသင့်ပါ။ ကတိပျက်သော ချစ်သူကြောင့် 
စိတ်ဆင်းရဲရတတ်သည်။ စက် ၊ ရွှေ ၊ မြေ တို့ဝင်ခြင်း ၊ ထွက်ခြင်းဖြစ်မည်။ 
နေအိမ် ၊ ဒေသ အရပ်ပြောင်းရွှေ့မှု ဆောက်လုပ်မှု ပြင်ဆင်မှု များဖြစ်မည်။ 
	အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၆။
	အထူးဟော - ကံကောင်းမည်။
	ယတြာ - သက်ကြီးရွယ်အို ကို တနင်္ဂနွေ နံနက်တွင် ရေအိုး၁လုံးလှူပါ။ 
	တနင်္လာ
	  အတိတ်ဟောင်းကအကြောင်းတွေပြန်တွေးခြင်းအတိတ်ကငယ်ပေါင်းတွေပြန်ဆုံခြင်းဖြစ်မည်။
 အလုပ်အကိုင်နေရာ ဒေသပြောင်းရွှေ့ရလိမ့်မည်။ လူရင်းလူခင်များ 
စိတ်ဝမ်းကွဲမည်။ အထင်လွဲခံရမည်။ ငွေကြေးစကားပြောရမည်။ 
ဝမ်းဗိုက်ကျန်းမာရေးချူချာမည်။ မမျှော်လင့်သော ခရီးများရောက်မည်။ 
မရည်ရွယ်သော မထင်မှတ်သောသူ နှင့် ချစ်သူဖြစ်ရလိမ့်မည်။ အဝေးမှ 
လက်ဆောင်ရမည်။ စပ်တူရှယ်ယာ အလုပ်တို့အောင်မြင်မည်။  မြေ
 ၊ စက် ၊ ကား တို့ပြောင်းလဲ ၀င်ထွက်မည်။ အတိုက်အခံတွေအောင်မြင်မည်။ 
ရှယ်ယာစပ်တူထီထိုးပါ။ ပေါက်မည်။ စီးပွားရေးစတင်လုပ်လျှင် 
အောင်မြင်သောကာလပင် ဖြစ်ပါသည်။ 
	အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။
	အထူးဟော - အတိုက်အံတွေကျော်လွှားမည်။
	ယတြာ - တနင်္ဂနွေ နေ့တွင် ကံ့ကော် ၅ ညွန့် ဘုရားကပ်လှူပါ။ 
	အင်္ဂါ
	          အခက်အခဲ အတိုက်အခံတွေ တွေ့ကြုံမည်။  သူတပါး ရဲ့ အကူအညီ ဖြင့် ကျော်လွှားအောင်မြင်မည်။ အလုပ်အကိုင် ၊ စီးပွားရေး နှင့် ပတ်သက်၍ဂုဏ်မြင့်မားမှု အောင်မြင်မှုတွေကြုံမည်။ တစ်ဦး
 တစ်ယောက် ၏ သိက္ခာချခြင်း ခံရမည်။ အထင်လွဲစွပ်စွဲခြင်းခံရမည်။ 
လူပေါင်းမှားမည်။ လူယုံထားလျှင် မကောင်းသေးပါ။ ကျန်းမာရေးကောင်းမည်။ 
အထိအခိုက်အနာတရ ကြုံမည်။ ကတိပေးခြင်းမလွန်အောင် သတိထားပါ။ ကား ၊ စက် ၊ 
ငွေကြေး နှင့် ပတ်သက်၍ စကားပြောရတတ်သည်။ ခရီးဝေးယာယီတွေရောက်မည်။ 
မမျှော်လင့်ဘဲ အိမ်ထောင်ကျမည်။
	အကျိုးပေးဂဏန်း - ၃ ၊ ၉ ၊ ၆။
	အထူးဟော - အခက်အခဲကြားမှ ကံကောင်းမည်။
	ယတြာ - အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့်ကပ်လှူပါ။ 
	ဗုဒ္ဒဟူး
	          စိတ်လေနေမည်။
 ခရီးတွေထွက်နေမည်။ လုပ်ငန်းတချို့ရပ်နားမည်။ ပြီးမှ ပြန်လုပ်ဖြစ်မည်။ 
ငွေဝင်၊ထွက်ကြမ်းနေမည်။ ရစရာငွေတို့ မရတတ်သေးပါ။ အတိုက်အခံရန်ကြုံတတ်ပါသည်။
 ငွေ ၊ စက် ရွှေတို့ကို ဂရုစိုက်ပါ။ ရုတ်တရက်ပျောက်တတ်သည်။ အချစ်ဟောင်း 
နှင့် စိတ်ဝမ်းကွဲမည်။ အချစ်သစ်တွေ့ရတတ်သည်။ မိဘသဘောမတူသောသူနှင့် 
ဖြစ်ရတတ်သည်။ ထွက်ပြေးရတတ်သည်။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ 
အဝေးမိတ်ဆွေ ကူညီမှုရမည်။ လက်ဆောင်တွေရမည်။
	အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။
	အထူးဟော - စိတ်လေမည်။
	ယတြာ - ဗုဒ္ဒဟူးနေ့ နံနက် ၇ နာရီတွင် ဗုဒ္ဒဟူးနံဘုရားကို ရေသပ္ပါယ်ပါ။
	ကြာသပတေး
	          ခုတ်ရာတစ်ခြား
 ထစ်ရာတစ်ခြား ဖြစ်တတ်၍ ဂရုစိုက်ပါ။ သူများစကား အရမ်းမယုံနှင့်။ 
လူယုံမထားနှင့်။ ကတိတစ်ခုလွယ်လွယ်မပေးနှင့်။ 
အလုပ်ကိုရှယ်ယာမလုပ်နှင့်။အတိုးယူပြီးငွေမချေးနှင့်။ပြန်မရတတ်ပါ။ခြေ၊လက်ခိုက်မိမည်။
 ချစ်သူစကား ကို စဉ်းစားပြီးမှ ယုံပါ။ လွယ်လွယ်နှင့်မချစ်နှင့် 
ဒုက္ခရောက်သွားမည်။ ပြောတိုင်းမယုံနှင့် ကြုံတိုင်းမလိုက်နှင့် 
ကြိုက်တိုင်းမယူနှင့်။ ပစ္စည်းပျောက်မည်။ သင့်ချစ်သူက သင့်ကွယ်ရာမှာ 
နောက်တစ်ယောက် ရှိနေမည်။ ထီထိုးလျှင် ပေါက်ကိန်းရှိသည်။ မွေးရက် ၊ မွေးလ  ၊
 မွေးနှစ် တွေဂဏန်း ပါတာထိုးပါ သေချာပေါက် ပေါက်ဂဏန်းဖြစ်မည်။ လူခင်ခြင်း 
စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ နေရာတကာ ဆရာလုပ်တိုင်း မကောင်းဘူး။
	အကျိုးပေးဂဏန်း - ၅ ၊ ၁ ၊ ၄။
	အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
	ယတြာ - ကြာသပတေး နေ့နံနက်တွင် အိမ်ဘုရားကို အုန်း၆ညွန့်ကပ်လှူပါ။
	သောကြာ
	          စိတ်လေမည်။
 ရည်ရွယ်ချက်များနေမည်။ ဆုံးဖြတ်ချက်မြန်နေမည်။ ဒေါသထွက်လေ ပြေလွယ်နေသည်။ 
အတိုက်အခံတွေကြုံမည်။ မရောက်ဘူးသောခရီး မပေါင်းဘူးသောမိတ်ဆွေ မလုပ်ဘူးသော 
အလုပ်တို့အောင်မြင်မည်။ ခရီးထွက်များလာမည်။ စက်၊ရွှေ၊ပစ္စည်းဝင်ထွက်မည်။ 
ကြီးသူ ၁ ဦးအတွက် စိတ်ရှုပ်ရတတ်သည်။ ရုတ်တရက်ခိုက်မိတတ်သည်။ ပြည်တွင်း ၊ 
ပြည်ပခရီးများသွားရမည်။ လူပေါင်းမှားမည်။ လူယုံမထားသင့်ပါ။ စာမေးပွဲ ၊ 
အင်တာဗျူး ဖြေဆိုမှုများ မုချအောင်မြင်မည်။ 
ကိုယ်ပိုင်လုပ်ငန်းတို့အောင်မြင်မည်။ စီးပွားရေး 
လုပ်ဆောင်မှုတို့အောင်မြင်မည်။  အိမ်ထောင်ရေးစကားများရန်ဖြစ်မည်။ မိတ်ဆွေစစ်တို့ရမည်။
	အကျိုးပေးဂဏန်း - ၃ ၊ ၉ ၊ ၆။
	အထူးဟော - အောင်မြင်မည်။
	ယတြာ - သစ်သီး ၉ မျိုး သောကြာနေ့နံနက်တွင် ဘုရားလှူပါ။ 
	စနေ
	          စိတ်မြန်ကိုယ်မြန်
 ဆောင်ရွက်ခြင်း ကိုယ်စိတ်ကိုယ်မပိုင်နိုင်ခြင်း။ ကိုယ့်အကျိုး တွေမည်သူမှ 
မပြောဘဲ မတိုင်ပင်ဘဲ မျိုသိပ်မှုပြုနေရတတ်ခြင်း မိဘသားချင်း 
ကိုလုပ်ကျွေးမှုပြုလိုခြင်း တို့ကြောင့် စိတ်တင်းကြမ်းမှု့ 
တွေဖြစ်ရသောကာလပင်ဖြစ်ပါသည်။ သားချင်းဆွေမျိုးအတွက် စိတ်ရှုပ်ရမည်။ 
မိဘသားချင်း ကိုငဲ့သွားမှု့ကြောင့် အချစ်ရေးကို 
လက်လွှတ်ဆုံးရှုံးမှု့ပြုရလိမ့်မည်။ အဝေးခရီးထွက်ရမည်။ မိဘသားချင်း 
နှင့်ဝေးရာဒေသ ရွှေ့ပြောင်းနေရာလိမ့်မည်။ အနစ်နာတွေခံဖြစ်မည်။ မိသားစု 
သားချင်း တစ်ဦး၏ နားမလည်မှုကြောင့် စိတ်ခံစားရတတ်သည်။ 
လုပ်ငန်းဟောင်းချဲ့ခြင်း လုပ်ငန်းသစ်လုပ်ခြင်း ရခြင်းတို့ဖြစ်မည်။ 
ငယ်ချစ်ဟောင်း အသက် ၁၇ ၊ ၁၈ က ချစ်သူနှင့် မရနိုင်ပါ။ စက်မှု့ဆေးဝါး ၊ရွှေ 
လုပ်ငန်းတို့ အကျိုးပေးပါမည်။
	အကျိုးပေးဂဏန်း - ၇ ၊၀ ၊ ၁။
	အထူးဟော - သင်ကံကောင်းပါပြီ။
	ယတြာ - စနေနေ့ နံနက် ၇ နာရီတွင် ဘုရားကို ထီးဖြူ ၇ လက်လှူပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST) 


No comments:
Post a Comment