ရတနာပုံတယ်လီပို့ကုမ္ပဏီမှဆောင်ရွက်လျှက်ရှိသော 3G UMTS လိုင်းအင်အား ၁၂၆၀၀၀၀ တိုးချဲ့ စီမံကိန်းအရ Huawei Co., Ltd မှ ရန်ကုန်မြီု့တွင် RNC, SGSN, CG စနစ်ပြောင်းလဲ တပ်ဆင်ခြင်း Hardware/Software Upgrade ပြုလုပ်ခြင်းနှင့် SMSC Gateway ပြောင်းလဲခြင်းများပြုလုပ်မည် ဖြစ်သဖြင့် မိုဘိုင်းဆက်သွယ်ရေးလိုင်းများ ယာယီပြတ်တောက်မည် ဖြစ်သည်။
	မြန်မာ့ဆက်သွယ်ရေးအနေဖြင့်
 ဇန်န၀ါရီလ (၆)နေ့၌ ရန်ကုန် SMSC Gateway ပြောင်းလဲမှု 
ပြုလုပ်မည်ဖြစ်သည့်အတွက် နံနက် (၀၂း၀၀) နာရီမှ (၀၂း၃၀) နာရီအထိ မိနစ် (၃၀) 
ခန့် Huawei SMSC ဖြင့် အသုံးပြုနေသော (2G)နှင့်(3G)SMSများ   
ပြတ်ထောက်မည်ဖြစ်သည်။
	BSC 1 နှင့် RNC ကို  SGSN/CG
 အသစ်ဖြင့် ပြောင်းလဲချိတ်ဆက်မည်ဖြစ်သောကြောင် ဇန်န၀ါရီလ(၈)ရက်နေ့ နံနက် 
(၀၂း၀၀) နာရီမှ (၀၂း၁၅) နာရီအထိ (၁၅)မိနစ်ခန့် ရန်ကုန် Huawei Network 
အတွင်း (2G) နှင့် (3G) များ Data Service ပြတ်တောက် မည်ဖြစ်ကြောင်းကိုလည်း
 သိရသည်။
	BSC(၁၂) ခုနှင့် RNC (၈)ခုအား SGN/CG အသစ်ဖြင့် ပြောင်းလဲချိတ်ဆက်မည်ဖြစ်ပြီး  ဇန်န၀ါရီလ(၉)
 ရက်နေ့ နံနက် (၀၂း၀၀) နာရီမှ (၀၂း၁၅) နာရီအထိ (၁၅) မိနစ်ခန့် 
ရန်ကုန်မြို့မှအပ အခြားဒေသရှိ Huawei Network အတွင်း (2G) နှင့် (3G) များ 
Data Service ပြတ်တောက်မည်ဖြစ်သည်။
	SGSN Hardware တိုးချဲ့ခြင်းနှင့် Software Upgrade ပြုလုပ်မှာဖြစ်ပြီး ဇန်န၀ါရီလ(၁၁)ရက်နေ့ (၀၂း၀၀) နာရီမှ (၀၂း၁၅)  နာရီအထိ (၁၅) မီနစ်ခန့် (2G) နှင့် (3G) များ Date Service ပြတ် တောက်မည်ဖြစ်ကြောင်း သိရသည်။
	ရန်ကုန်မြို့တွင်
 Huawei အမျိုးအစား RNC. SGSN, CG စနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ Hardware 
Software Upgrade ပြုလုပ်ခြင်းနှင့် SMSC Gateway 
ပြောင်းလဲခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည့် နေ့ရက်၊ အချိန်များတွင် 
အထက်ဖော်ပြပါမိုဘိုင်းတယ်လီဖုန်းများမှာ နံနက် စောစောပိုင်း အချိန်များတွင်
 (၁၅) မိနစ်နှင့် မိနစ်(၃၀) ခန့် ဆက်သွယ်မှု ယာယီဆိုင်းငံ့မည် ဖြစ်ကြောင်း 
သိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ) 
	


No comments:
Post a Comment