၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၄ရက်နေ့တွင် ကျရောက်တဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ
 ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ
လွတ်လပ်ခြင်း “Freedom” နဲ့ လွတ်လပ်ရေး “Independence” ဆိုတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်ကွာခြားပြီး လွတ်လပ်ရုံမျှနဲ့ လွတ်လပ်ရေးရပြီလို့ မဆိုနိုင်တဲ့အကြောင်း၊ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မှလွတ်လပ်ရေးရတယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း
စုကြည် က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီကနေ့ကျင်းပတဲ့ ၆၅ နှစ်မြောက် 
လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လူတဦးချင်းစီအလိုက် 
ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်တပ်မရပ်နိုင်ဘဲ သူတပါးကိုသာ မှီခိုနေရတယ်ဆိုရင် 
 လွတ်လပ်ရေးရတယ်လို့ မခေါ်ဆိုနိုင်ကြောင်း၊ ဒါ့အပြင်  နိုင်ငံအလိုက် 
တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း  ဘယ်နိုင်ငံက 
လာကူညီမလဲလို့ မျှော်လင့်နေရမှာ မဟုတ်ကြောင်း၊  မျှော်လင့်ချက်ကို 
အလုပ်နဲ့အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း၊ အဲဒီလို  အကောင်အထည်ဖော်ရာမှာလည်း 
ကိုယ့်အားကိုယ်ကိုးပြီး အဓိကလုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို  
ရန်ကုန်မြို့အပြင် မန္တလေး၊ မြစ်ကြီးနားနဲ့ ကော့သောင်းမြို့တွေက 
NLDအမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေမှာလဲ ကျင်းပခဲ့ကြပါတယ်။
RFA 


No comments:
Post a Comment