Tuesday, January 8, 2013

ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးဆိုသူရဲ့ No-Fly Zone အိမ်မက်

Ever November | 1/08/2013 05:04:00 PM | Best Blogger Tips
Rambo 4 ဇာတ်ကားမှ ကျက်သရေမရှိသော မင်းဌေးဆိုသူ၏ သရုပ်ဆောင်ပုံ

ဗိုလ်မှူးမင်းဌေးဆိုသူမှာABSD မြောက်ပိုင်းအဖွဲ့မှာပြန်ကြားရေးတာဝန်ခံအဖြစ်  နေရာယူထားသူ ဖြစ်သည်။  KIA ၏   ခိုင်းစေချက်ကြောင့် ကင်မရာ တစ်လုံးဖြင့် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများအားရိုက်ယူပြီး တရုတ်အင်တာနက်လိုင်း အသုံးပြုကာ သတင်း တင်ပြ နေရသူလည်း  ဖြစ်သည်။

 ဗိုလ်မှူး မင်းဌေးဆိုသူမှာ အခြားသူမဟုတ်ပေ။ Rambo - 4 ရုပ်ရှင်ကားထဲမှ မြန်မာစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ သရုပ်ဆောင် ပါရမီလုံးဝမရှိသော်လည်း ၄င်း ဇာတ်ကား ရိုက်ပြီးချိန်မှ စတင်ပြီး ကိုယ့်ကိုကိုယ် ဒါရိုက်တာ / သရုပ်ဆောင် တစ်ယောက်အဖြစ် ခံယူခဲ့သူလည်း ဖြစ်သည်။ ကချင်ပြည်နယ် တွင် တိုက်ပွဲများဖြစ်ပွားပြီး လိုင်ဇာဌာနချုပ် အနီးသို့ အစိုးရတပ်များရောက်ရှိ လာချိန်တွင် KIAမှတရုတ် ကင်မရာတစ်လုံးဝယ်ပေးပြီး ၀ါဒဖြန့်ရန်ဗွီဒီယို များရိုက်ကူးခိုင်းရာမှ မျောက်အုံးသီးရသလို ဖြစ်ခဲ့ သည်။
ဗိုလ်မှူးမင်းဌေးသည် ၄င်းကိုယ်ပိုင် Facebook အကောင့်မှ တိုက်ပွဲသတင်းများအား ဗွီဒီယိုဖြင့် အချိန်နှင့် တပြေးညီ တင်ပြနိုင်ခဲ့၍ သတင်းဌာနများ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၄င်း၏ အူကြောင်ကြောင်နိုင်လှသော အမူအကျင့်များအား ကြာရှည်စွာ ဖုံးအုပ်နိုင်ခဲ့ခြင်းမရှိပေ။ ဇန်န၀ါရီလ ၇ ရက်နေ့တွင် ၄င်း၏ Facebook Wall ပေါ်တွင် တင်ထားသော တပတ်အတွင်း UN အဖွဲ့များ ရောက်လာ မည်။ ကချင်ပြည်နယ်အား NO-Fly Zone အဖြစ်သတ်မှတ်ပေးမည်ဟု ရေးသားချက်အား တွေ့ရှိရသည်။ ဗိုလ်မှူးမင်းဌေး အနေဖြင့် မဖြစ်နိုင်သော အကြောင်းအရာများအား ၀ါဒဖြန့်သည့်အနေဖြင့် တင်ပြထား၍ ၄င်း၏ စိတ်နေစိတ်ထား မှန်ကန်မှုမရှိကြောင်း သိလိုက်ရသည်။
          UN မှ သတ်မှတ်ပေးသော No-Fly Zone သတ်မှတ်ချက်မှာ ဒေသတစ်ခုအတွင်း Genocide ကဲ့သို့ လူမျိုးတုံး  သတ်ဖြတ်မှုများ၊  လူ့အခွင့်အရေးချိုးဖောက်မှုများ၊  ဆူပူ အကြမ်းဖက်မှုများကြောင့်  ဒေသ အာဏာပိုင် အစိုးရအနေဖြင့် ထိန်းသိမ်းရန် မတတ်နိုင်သည့် အခြေအနေသို့ရောက်ရှိပြီး UN မှ ၀င်ရောက် ထိန်းသိမ်းပေးရန် တင်ပြမှသာ လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ပေးသည်။ ထိုသို့ဆုံးဖြတ်ရာတွင်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံလုံး ထောက်ခံပေးမှသာ ဆုံးဖြတ်နိုင်သည်။ နိုင်ငံတစ်ခုခုမှ ကန့်ကွက်ပါက No-Fly Zone အဖြစ်သတ်မှတ်ခွင့် မရရှိနိုင်ပါ။ ထို့အတူ UN တပ်များ ဒေသတစ်ခုအတွင်း ၀င်ရောက်လိုပါက ၄င်းနိုင်ငံအစိုးရ၏ ခွင့်ပြုချက်ရရှိမှသာ ၀င်ရောက်ခွင့်ရှိသည်။ ၄င်းအချက်များအား ABSDF မှ ဗိုလ်မှူးအဆင့်ဆိုသူက မသိခဲ့ခြင်းလား၊ ဗဟုသုတမရှိခဲ့ခြင်းလား၊ အကြောင်းရင်းအား သေချာ မသိပဲ ၀ါဒဖြန့်ရပြီးရော ဆိုသလို လုပ်မယ်ဆိုရင်ဖြင့် ဗိုလ်မှူးအဆင့်ဆိုတာနဲ့ မတန်ပါဘူး။ ဒါပေမယ့်လည်း ABSDF လိုအဖွဲ့မျိုးမှာက ရာထူးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ်စိတ်ရှိတိုင်းရနိုင်တာ မဟုတ်ပါလား။ ဒီတော့လည်း ယခုကဲ့သို့ အရှက်စွာမဲ့စွာယူထားသော ရာထူးနှင့်လိုက်အောင် အခြေအမြစ်မရှိသော စကားများကို ပြောဆိုရဲတာလည်း ဖြစ်ပါသည်။
          ကချင်ပြည်နယ်နှင့် ပတ်သတ်ပြီး လက်ရှိအကြမ်းဖက် လူမဆန်သောလုပ်ရပ်များကို KIA အဖွဲ့ကသာ ဆောင်ရွက်နေကြောင်း မြန်မာပြည်သူအားလုံးမှ သိရှိပြီး ဖြစ်သည်။ UN အနေဖြင့် ကချင်အရေး ကိစ္စအား လုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးသည့်အဆင့်သို့ မရောက်ရှိသေးပါ။ UN အတွင်ေးရးမှူး ချုပ် ဘန်ကီမွန်းမှ စိုးရိမ်မိသည် ဆိုသောအဆင့်သာရှိသည်။ အစိုးရအား တရားဝင်ထုတ်ဖော်ပြောဆို တားမြစ်သည့် အဆင့်သို့လည်း မရောက်ရှိသေးပါ။ အစိုးရအနေဖြင့်လည်း KIA ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်မည်ဆိုပါက အလွယ်တကူ တိုက်ခိုက်နိုင်သည်။ UN အဖွဲ့များရောက်ရှိလာချိန် အထိ စောင့်ဆိုင်း ရန်မလိုပေ။ ကချင်ပြည်နယ် အား UN အနေဖြင့် No-Fly Zone သတ်မှတ်ရန် လုံးဝမဖြစ်နိုင်ပေ။ UN တပ်ဖွဲ့ဆိုသည်မှာလည်း အစိုးရတပ်များကဲ့သို့ အမြဲအသင့် ဖွဲ့စည်းထားခြင်းမရှိပဲ လိုအပ်မှသာ သက်ဆိုင် ရာနိုင်ငံများ အလိုက်စုစည်းခေါ်ဆောင်ရခြင်းဖြစ်သည်။ စုစည်းပြီးပါက ၀င်ရောက်အကူ အညီပေးရ မည့်နိုင်ငံမှသက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရမည်။ ဤအချက်များ ပြည့်စုံမှသာ ၀င်ရောက် အကူအညီပေးနိုင်မည်ဖြစ်သည်။ ထိုသို့ ဖြစ်လာရန် အချိန် တစ်နှစ်ခန့် ကြာပါသည်။
          ထို့ကြောင့်အခြေအမြစ်မရှိသော ရူးကြောင်ကြောင် စကားများကို ငါ့စကားနွားရပြောဆိုတတ်သော မင်းဌေး၏ ပြောဆိုချက်များသည် အဆင့်အတန်းမရှိပဲ ၀ါဒဖြန့်ရုံသက်သက်သာဖြစ်ကြောင်း၊ သူတောင်းစား ခွက်ပျောက်မှာ ကြောက်သလို၊ ဒါရိုက်တာရူး / မင်းသားရူး မင်းဌေးကင်မရာကိုင်ခွင့်ပျောက်မှာ စိုးရိမ်သဖြင့်   ပြောဆိုခြင်းများဖြစ်ကြောင်း  တင်ပြလိုက်ရပါသည်။
မှတ်ချက်။ မင်းဌေးမှ ၄င်းရေးသားထားသော ရူးကြောင်ကြောင် စာများအား ပြန်လည်ဖျက်လိုက်ပြီဖြစ်ပါ သည်။
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1