Tuesday, January 8, 2013

ကလီဗာလေ၏ ခြေရာကိုနင်းပြီး ဝီဂန်တွင် အောင်မြင်မှုများ ရှာဖွေလိုနေသည့် ဟန်ရီကက်ဇ်

Ever November | 1/08/2013 05:20:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် လူငယ် ကစားသမားလေး အန်ဂျလို ဟန်ရီကက်ဇ်က ဝီဂန်တွင် ကစားရင်း တွမ်ကလီဗာလေ အောင်မြင်လာသည့် ခြေရာကို နင်းလိုကြောင်း ပြောကြားခဲ့သည်။

ချီလီ လက်ရွေးစင် လူငယ်လေးသည် ဇန်နဝါရီ ဈေးကွက် အဖွင့်တွင် မန်ယူမှ ဝီဂန်သို့ အတွေ့အကြုံယူ ကစားရန် ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။ အသက်(၁၈)နှစ်ရှိ ဟန်ရီကက်ဇ်သည် လတ်တလော အနေအထားတွင် မန်ယူ၌ အံဝင်အောင် ခြေစွမ်းပြနိုင်မည့် အခြေအနေ မရှိသေးသောကြောင့် ပရီးမီးယားလိဂ် ကစားဟန်နှင့် ရင်းနှီး ကျွမ်းဝင်ရန် ဝီဂန်သို့ ရာသီဝက် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ယူနီဗာဆီဒက် ဒီချီလီမှ မန်ယူသို့ ရောက်ရှိလာသည့် ကစားသမားလေးသည် ဝီဂန်နှင့် ဘွန်းမောက်သ်တို့ သရေကျသွားသည့် FAဖလား ပွဲစဉ်တွင် အသင်းအတွက် လူစားဝင် ကစားပေးခဲ့သည်။
မန်ယူအသင်းမှ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ကလီဗာလေသည်လည်း အိုးလ်ထရက်ဖို့ဒ်တွင် မအောင်မြင်မီ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ကိုင်တွယ်နေသည့် ဝီဂန်၌ ပညာယူ ကစားခဲ့ရသေးသည်။ ယင်းအခြေအနေကို ဟန်ရီကက်ဇ်က အားကျနေခြင်း ဖြစ်သည်။ "ဝီဂန်မှာ ရှိနေတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချဖို့ ကြိုးစားပါမယ်။ ကလီဗာလေလည်း ကျွန်တော့်လိုပဲ အငှားလာကစားရင်း ကောင်းကျိုးတွေ ရခဲ့တာပါပဲ။ ကျွန်တော့် အလုပ်က ဂိုးတွေ သွင်းဖို့ပါ။ ဝီဂန် ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အမှတ်တရလေး တချို့ကို ချန်ထားပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်မှာ ဝီဂန်နဲ့အတူ ပထမအသင်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လာမယ်လို့လည်း ထင်ပါတယ်"ဟု ဟန်ရီကက်ဇ်က ဖွင့်ဟခဲ့သည်။

ဟန်ရီကက်ဇ်သည် တစ်နိုင်ငံတင်းသား ဂျင်းဘူဆီဂျာနှင့်အတူ ဝီဂန်တွင် တွဲဖက် ကစားရမည်ဖြစ်ရာ မိမိတို့နှစ်ဦး လျင်လျင်မြန်မြန် နားလည်မှုရှိလာပြီး တိုက်စစ်တွင် အထိုင်ကျလာမည်ဟု ယူဆကြောင်းလည်း ဆိုသည်။ "ဘူဆီဂျာနဲ့ တွဲကစားခွင့်ရတာ ကောင်းပါတယ်။ သူကလည်း ကျွန်တော့်လို ချီလီသားပဲလေ။ ဒီမှာ အခြေကျဖို့လည်း အများကြီး ကူညီတယ်။ ဝီဂန်မှာ စပိန်စကားပြောတဲ့ ကစားသမားတချို့ ရှိနေတာလည်း အဆင်ပြေပါတယ်"ဟန်ရီကက်ဇ်က ပြောကြားသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1