Tuesday, January 8, 2013

ဝဲလ်ကော့တ်နှင့် စာချုပ်ကိစ္စ ဆွေးနွေးနေသော်လည်း အသင်း၏ ဘဏ္ဍာရေး မူဝါဒကို ဆုပ်ကိုင်ထားဆဲဟု ဝင်းဂါးဆို

Ever November | 1/08/2013 05:06:00 PM | Best Blogger Tips

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက လတ်တလောတွင် စာချုပ်သစ် ကိစ္စအတွက် သီအိုဝဲလ်ကော့တ်နှင့် ဆွေးနွေးနေသည့်တိုင် အသင်း၏ ဘဏ္ဍာရေး မူဝါဒကို ပြောင်းလဲမည် မဟုတ်ဟု ပြောကြားခဲ့သည်။

လန်ဒန် ကလပ်အသင်းသည် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဝဲလ်ကော့တ်ကို သက်တမ်းတိုး စာချုပ်ရေး ဆွေးနွေးမှု ယခုတိုင် မအောင်မြင်သေးချေ။ ဝင်းဂါးက အသက်(၂၃)နှစ်ရှိ ဝဲလ်ကော့တ်နှင့် စာချုပ်သစ် ချုပ်ဆိုရေးကို လက်မလျှော့သေးကြောင်း အတည်ပြုခဲ့သော်လည်း ဘဏ္ဍာရေး အခြေအနေနှင့် ပတ်သက်ပြီး မူဝါဒအတိုင်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ဝဲလ်ကော့တ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)မျှ ငွေကြေးကို တောင်းဆိုထားပြီး အာဆင်နယ်က ဈေးဆစ်နေသဖြင့် သဘောတူညီမှု မရသေးချေ။
ဝင်းဂါးက "ကျွန်တော်တို့မှာ ဝဲလ်ကော့တ် အပါအဝင် အသင်းက ကစားသမား တစ်ယောက်ချင်းစီနဲ့ ပတ်သက်လို့ အကာအကွယ် ကန့်သတ်ချက်တွေ ရှိပြီးသားပါ။ ဖြစ်နိုင်ချေ တစ်ခုခုအတွက်လည်း ကျွန်တော်တို့ မျှော်လင့် တွေးခေါ်နေတာ ရှိပါတယ်။ တစ်ခါတစ်လေတော့လည်း ခန့်မှန်းမှုနဲ့ လက်တွေ့ ကြုံရတဲ့ မြင့်မားတဲ့ အနေအထားတွေကြားမှာ ကွာဟမှု ရှိနေမှာပဲ။ တကယ်လို့ ကိုယ့်ဘက်က အမြတ်အစွန်းကို လိုလားတယ်ဆိုရင် ဒီသဘောတရားကို လက်ခံရမှာပါ။ ကျွန်တော်တို့ဟာ ကိုယ်တတ်နိုင်တဲ့ ရင်းမြစ်ကနေ ကိုယ့်ကစားသမားတွေအတွက် လုပ်ခကို ပေးချေရမှာပါ။ ဒါဟာ စီးပွားရေးအရ လိုအပ်တဲ့ အကာအကွယ်လည်း ဖြစ်ပါတယ်။ လူတွေကတော့ ဒါဟာ မလုံလောက်ဘူး၊ ဒါမှမဟုတ် များလွန်းယ် အမျိုးမျိုး ပြောနေမှာပါ။ ဒီကိစ္စက ဒဿနိက ဗေဒနဲ့ ပိုနွယ်တဲ့ မေးခွန်းမျိုးဆီ ဦးတည်လာတယ်"ဟု ပြောကြားသွားခဲ့သည်။
Ref: Sky Sports
soccermyanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1