"မြန်မာနိုင်ငံက စိတ်ဝင်စားစရာ
ကောင်းတဲ့နေရာတွေ အများကြီးရှိတယ်လေ။ ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမြော်
ကြည်ညိုကြသူတွေလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ဒီနှစ်များလာတယ်။"ဟု ရွှေတိဂုံ
ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေတိဂုံ စေတီတော်သို့ ၂၀၀၈ ခုနှစ်တွင်း
လာရောက်ဖူးမြော် ကြည်ညိုသူ နိုင်ငံခြားဧည့်သည် ၇၈၃၂၃ ဦးရှိခဲ့ပြီး
နောင်နှစ်များတွင် တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ၁၇၅၀၅၄
ဦး၊ ၂၀၁၁ ခုနှစ်တွင် ၂၂၅၃၈၁ ဦး နှင့် ၂၀၁၂ ခုနှစ်တွင် ၃၄၅၃၃၃ ဦး
လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်၏ စာရင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ရွှေတိဂုံ စေတီတော်သို့ ပြင်သစ်၊
ဗြိတိန်နှင့် ရုရှားလူမျိုးများ အများဆုံးဝင်ရောက်ပြီး ၂၀၁၂ခုနှစ်တွင်
ဗြိတိန်လူမျိုး ၁၁၇၇၁ ဦးနှင့် ပြင်သစ်လူမျိုး ၁၅၃၈၆ ဦး၊ ရုရှားလူမျိုး ၆၈၀၁
ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံက စိတ်ဝင်စားစရာတွေအများကြီး၊
ပုဂံ၊ တောင်ကြီး၊ အင်းလေးဒေသတွေလေ။ ပုပ္ပား တောင်ဆိုရင် ကျွန်တော်တို့ဆီက
ဖူဂျီတောင်နဲ့ တူတယ်လို့ပြောလို့ စိတ်လည်းစိတ်ဝင်စားတယ်။ သွားလည်း
သွားခဲ့တယ်"ဟု ဂျပန်နိုင်ငံသား တစ်ဦးက ပုပ္ပားတောင်တွင် ပြောဆိုခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်များအနေဖြင့်
မြန်မာနိုင်ငံတွင် ထင်ရှားသော စေတီပုထိုးများ၊ သဘာဝပတ်ဝန်း ကျင် အလှအပများ၊
စီးပွားရေးလုပ်ကိုင်ရန် လေ့လာမူများ၊ လာရောက်အပန်းဖြေရန် ကမ်းခြေများနှင့်
အခြားစိတ်ဝင်စားစရာများကြောင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း၌လည်း မြန်မာနိုင်ငံမှ
ဆီးဂိမ်းပြိုင်ပွဲ လက်ခံကျင်းပမည်ဖြစ်သောကြောင့် နိုင်ငံခြား
ခရီးသည်ဝင်ရောက်မူ များပြားလာနိုင်ကြောင်း သုံးသပ်ပြောဆိုနေမူများလည်း
ထွက်ပေါ်လျက်ရှိသည်။
ယမင်း (မြစ်မခ)
No comments:
Post a Comment