Tuesday, January 8, 2013

ရေ ညစ်ညမ်းလာမှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တစ်မြို့၌ ရေပေးဝေမှု ဖြတ်တောက်

Ever November | 1/08/2013 05:44:00 PM | Best Blogger Tips
တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မြစ်တစ်စင်း ရေညစ်ညမ်းလာ မှုကြောင့် ဟေဘေး ပြည်နယ်ရှိ လူဦးရေ တစ်သန်း ကျော် နေ ထိုင်သော ဟန်တန်မြို့သို့ ဇန်နဝါရီ ၅ ရက်နေ့လယ်ပိုင်း ကတည်း က ရေပေးဝေမှု ဖြတ်တောက် ခဲ့ရသည်ဟု ဆင်ဟွာ သတင်း ဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
ဤသို့ ဖြစ်ပွားရခြင်းသည် ရှန်စီ ပြည်နယ်ချောင်ရှီမြို့ရှိ ဓာတုစက်ရုံ တစ်ခုမှ စွန့်ပစ်ပစ္စည်း ပိုက်ပျော့ပေါက်ခဲ့ရာ ကျိုကျန်းမြစ်အတွင်းသို့ အဆိပ်ဖြစ် သောဓာတုပစ္စည်း တစ်မျိုးဖြစ် သည့် Aniline များစိမ့်ဝင်ခဲ့ပြီး ၎င်းမြစ်မှတစ်ဆင့် ကျန်းဟေမြစ်အတွင်းသို့ စီးဆင်း ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရှန်စီပြည်နယ် အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ချက် တစ်ခု၌ ဖော်ပြခဲ့ သည်။

သို့သော်လည်း ဓာတုပစ္စည်းစိမ့်ဝင်မှု ပမာဏကို ဖော်ပြခြင်း မရှိခဲ့ပေ။ Aniline သည် ဆိုးဆေး၊ ပေါင်းသတ် ဆေးနှင့် အခြားဓာတု ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော အဆိပ် ဖြစ်စေ သည့် ဓာတုပစ္စည်းတစ်ခု ဖြစ်သည်ဟု သိရသည်။ အရေးပေါ် ဆောင်ရွက်မှု အပြင် Aniline ဓာတုပစ္စည်း များကို သန့်စင် ဖယ်ရှား၍ ယိုစိမ့်မှု ရပ်တန့်စေရန် စတင် လုပ်ဆောင်လျက် ရှိကြောင်း ရှန်စီ အာဏာပိုင် များက သတင်းထုတ်ပြန်ခဲ့သည်။ ဓာတုပစ္စည်း ယိုစိမ့်မှုကြောင့် ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဟေနန် ပြည်နယ်ရှိ ဟန်တန်နှင့် အန်ယန်မြို့များ အပါအဝင် မြစ်ရိုး တစ်လျှောက်ရှိ မြို့များအား အာဏာ ပိုင်များက သတိပေးချက် ထုတ်ပြန် ခဲ့သည်ဟု သိရသည်။ 
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1