Thursday, January 17, 2013

မလေးရှားတောင်ပိုင်းရေပြင်တွင် ကူးတို့ရေယာဉ်နစ်မြုပ်

Ever November | 1/17/2013 06:08:00 PM | Best Blogger Tips

တရားမဝင် ရွှေ့ပြောင်းလာသူများကို တင်ဆောင်လာသော ကူးတို့ရေယာဉ် တစ်စင်းသည် မလေးရှားနိုင်ငံ တောင်ပိုင်း ရာသီဥတု ကြမ်းတမ်းသော ပင်လယ်ရေပြင်တွင် နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူရှစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ၄၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်က အေပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ကူးတို့ရေယာဉ်သည် မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟော်ပြည်နယ်အနီးရေပြင်တွင် ဇန်နဝါရီ ၁၄ ရက်က တိမ်းမှောက်ပြီး နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှားရေကြောင်းဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ လူအဆမတန် တင်ဆောင်လာသော ယင်းကူးတို့ ရေယာဉ်သည် လှိုင်းလေ ကြမ်းတမ်းမှုကြောင့် ထိုသို့ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးများ ရှာဖွေလျက်ရှိသည်။ အဆိုပါ ကူးတို့ရေယာဉ်သည် ခရီးသည် ၅ဝ ခန့်ကို တင်ဆောင်လာကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျကို မသိရကြောင်း၊ ထိုသို့ ရေယာဉ်မတော်တဆ ဖြစ်ပွားချိန်တွင် ခရီးသည် အမျိုးသမီးတစ်ဦးက သူမ၏ မိုဘိုင်းဖုန်းဖြင့် ရေကြောင်း အာဏာပိုင်များသို့ အရေးပေါ် ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။ ဖြစ်ပွားသည့်နေရာသို့ တာဝန်ရှိသူများ အလျင်အမြန် ရောက်ရှိလာပြီး ကလေးနှစ်ဦး အပါအဝင် ခရီးသည်များကို ရေပြင်မှ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1