Thursday, January 17, 2013

ဖိလစ်ပိုင်၌ ရွေးကောက်ပွဲမတိုင်မီ သေနတ်ကိုင်ဆောင်မှုအားတားမြစ်ပိတ်ပင်

Ever November | 1/17/2013 11:17:00 AM | Best Blogger Tips

လက်နက်များကြောင့် ရွေးကောက်ပွဲပြိုင်ဘက်များ သွေးထွက်သံယိုဖြစ်သော သမိုင်းတစ်ရပ်ရှိခဲ့သည့် ဖိလစ်ပိုင်နိုင်ငံတွင် မေ ၁၃ ရက် ရွေးကောက်ပွဲ အတွင်း ဖြစ်ပွားဖွယ်ရှိသည့် အကြမ်းဖက်မှုအား ကြိုတင် ကာကွယ်ရန် နိုင်ငံတစ်ဝန်း၌ နေအိမ်အပြင်ဘက်သို့ သေနတ်များ ယူဆောင်ခြင်းအပေါ် ရက်ပေါင်း ၁၅ဝ ပိတ်ပင်တားမြစ်သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီ ၁၃ ရက်က စတင်ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် အေပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ပိတ်ပင်တားမြစ်မှု အမိန့်သည် ဇန်နဝါရီ ၁၃ ရက်က စတင်ပြီး အကျုံးဝင်ကာ ဇွန် ၁၂ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ ပြည်သူများ သွားလာရာ ဧရိယာများအတွင်း သေနတ်များ ယူဆောင်ခွင့်အားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အစိုးရထိပ်တန်း အရာရှိများ၊ တာဝန်ကျ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးခြိမ်းခြောက်မှု ခံနေရသူများသာလျှင် ယူဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဆစ်တိုဘရီလန် တက်စ်ဂျူနီယာက ပြောကြားခဲ့သည်။ ယင်းတားမြစ်မှုဥပဒေ ချိုးဖောက် သူများသည် ထောင်ဒဏ်ခြောက်နှစ် အထိ ပြစ်ဒဏ် ကျခံရဖွယ် ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်များက ရွေးကောက်ပွဲအကြမ်းဖက်မှုနှင့် လိမ်လည်မှုအတွက် ပြစ်တင်ရှုတ်ချ ခံရလေ့ရှိသည့် နိုင်ငံရေးသမားဟောင်းအုပ်စုနှင့် နိုင်ငံရေးသမားအသစ် အုပ်စုများအကြား အာဏာရရှိရေးအတွက် ပြိုင်ဆိုင်မှုရှိသည့် ဖိလစ်ပိုင်နှစ်လယ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲအဖွဲ့နှင့် ရဲတပ်ဖွဲ့အရာရှိများက မနီလာမြို့ နယ်နိမိတ်အတွင်း စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂန်ဒါနာအိုပြည်နယ်တွင် နိုင်ငံရေးပြိုင်ဘက် အုပ်စုနှစ်စုအကြား ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အဆိုးရွားဆုံး အကြမ်းဖက်မှုတွင် လက်နက်ကိုင်သမား ၁ဝဝ ကျော်တို့ကြောင့် မီဒီယာသမား ၃၂ ဦး အပါအဝင်လူပေါင်း ၅၈ ဦး အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1